Saturday, July 18, 2009

ရွာအပြန်အတွေး

ရုတ်တရက်ဆိုတော့ဝါး
နှုတ်ဆက်ကြိုပေါ့စကား
အနောက်ဖက်နား အရှေ့ဖက်နား
"ဒီနေ့  ဘာလေးကြားလဲ".......တဲ့ ။

"ဘာကောင်းလဲ့..........."
ဘယ်တစ်လုံးကောင်းလဲ့..........
ကိုးမကြိုက်ဖူးလား........
( ဘယ်တုံးကမှ )မကြားဘူးတဲ့နှုတ်ဆက်စကားများ
ကျမ်းများမှာလည်းမပါ စာများမှာလဲမရှိ
ကျုပ်မသိတဲ့နေရာ
ရောက်လာသလိုခံစားရ ။

ရပ်ထဲလျှောက်လျှောက် ရွာထဲရောက်ရောက်
အိမ်ပေါက်စေ့ကြား မိသားစုအတွင်းလဲင်္ဒီစကား
ကြီူပွါးေ၇းအတွက် စီးပွါးရေးမတွက်
နှစ်လုံးထီထွက်မယ့်ရက်ပဲမျှော်နေ.....................

ဆရာဒကာ ညီညွတ်စွာနဲ့ 
သာသနာအကျိုး မသယ်ပိုးပဲ
ချဲတွက်တဲ့ ကျောင်း
ကားကြီးငယ် အသွယ်သွယ်
ဝင်ထွက်ကယ်စည်ပင်
ဲဖြစ်ချင်တိုင်းဖြစ် စိတ်ညစ်စရာကြီင်္း...။

ဟင် အမှတ်မရှိတဲ့ အသည်း
နှစ်ထပ်ရှိအောင်ဆဲရ ရင်ဖြင့် 
ကျုပ်ပဲ ငပွကြီး ဖြစ်...
ခဲနဲ့ ပစ် ခံရကရော့မယ်............။

ရက်၃၀ မှာ ၂၀ ကထီဖွင့် တဲ့ရွာ
တိုးတတ်စရာ ရှာကြည့်ဦးမလား
စဉ်းစားသာကြည့် အထင်းသားသာသိ................

သားထွေး

1 comment:

  1. ဟုတ်ပ ကိုသားထွေးရေ ..
    ခုဆို ရွာကြီးက လူတွေလည်း ဘာအလုပ်မှ လက်ကြော မတင်းကြတော့ဘူး ။ဆူလွယ် နပ်လွယ် ၂လုံး ။ ၃ လုံး တွေနဲ့ဘဲ ချာလပတ်လည် ရိုက်စား နေကြတာလေ ။

    ReplyDelete

အနော်ခရီးဆက်နှင်းရန် အားမနာတမ်း ဝေဖန်ပေးနိုင်သည့် လောင်စာလိုအပ်နေပါသည်။