Tuesday, January 12, 2010

တစ်ယောက်တော့ အမြဲ ရှိ တယ်

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို

မင်းကို ဖိတ်မန္တက မပြုဘဲ မင်းရောက်သွားခဲ့ရင်

တချို့က မင်းကို ၀င်ခွင့်ပြုမှာမဟုတ်။ တချို့က ခွင့်ပြုသော်လည်း

သိပ်ဝမ်းသာကြမှာမဟုတ်ဘူး။

ဝမ်းသာသော်လည်း ထာဝရ၀မ်းမသာနိုင်ကြပါဘူး။

သို့သော် . . . မဖိတ်ခေါ်ဘဲ ရောက်လာတဲ့မင်းကို

အမြဲထာဝရ ၀မ်းသာစွာ ကြိုဆိုနေမယ့်သူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းဘာအလုပ်မှ မလုပ်ဘဲ အငြိမ့်သား ထိုင်စားနေရင်

တချို့က မင်းကို ဆူဆဲမယ်၊ တချို့က မင်းကို နှင်ထုတ်မယ်။

သို့သော် . . . မင်းကို ဆူဆဲခြင်း၊ နှင်ထုတ်ခြင်းမရှိဘဲ

အမြဲကျွေးမွေးနေမယ့်သူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းသူတို့အပေါ် ကျင်ကြီး ကျင်ငယ်တွေ အန်ဖတ်တွေ စွန့်မိခဲ့ရင်

သူတို့ရွံရှာပြီး မင်းကို ပထုတ်ပစ်မှာပဲ။

သို့သော်. . . မင်းကို စေတနာနဲ့ သန့်စင်ပေးပြီး ပ မထုတ်တဲ့သူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းက ဒေါသူပုန်ထပြီး ထွက်ခွာသွားရင်

လူအချို့က မင်းကို “ထွက်သွား ထွက်သွား . . . ဝေးလေ ကောင်းလေ”လို့ ပြောမှာ။

သို့သော် . . . မင်းကို မသွားချင်တဲ့သူ မင်းကို လိုက်ချော့မော့ခေါ်မယ့်သူ

တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းသူများအပေါ် မိုက်မဲရူးရဲစွာ ဆက်ဆံခဲ့ရင်

သူများက မင်းကို ခွင့်မလွတ်ဘဲ တုန့်ပြန်မယ်။

သို့သော် . . . မင်းကို ထာဝရ ခွင့်လွတ်ပြီး တုန့်ပြန်ခြင်း ကင်းသူ

တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းသူတို့ကို မြတ်မြတ်နိုးနိုး အလိုလိုက်ခဲ့ရင်

တချို့က မင်းကို ပြန်မြတ်နိုးပြီး အလိုလိုက်နိုင်တယ်။

တချို့ကတော့ မင်းကို စိမ်းကားပြီး Shift နှိပ်ပြီး Delete လုပ်ပစ်မယ်။

သို့သော် . . . မင်းသူ့ကို မြတ်နိုးသည်ဖြစ်စေ မမြတ်နိုးသည်ဖြစ်စေ

မင်းသူ့ကို အလိုလိုက်သည်ဖြစ်စေ မလိုက်သည်ဖြစ်စေ

မင်းကို အစဉ်ထာဝရ ချစ်မြတ်နိုးနေပြီး ဇိဝှိန်ချုပ်တဲ့အထိ

အလိုလိုက်နေမယ့်သူ တစ်ယောက်တော့ရှိတယ်။

အဲဒီသူက ဘယ်သူလို့ မင်းထင်သလဲ . . . ?

“အမေ”ကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ . . . ?

"မေမေ" ၇င်ခွင်ကို အရမ်းလွမ်းနေတယ်........


Monday, December 28, 2009

သတိပြုမိကြစေလို

"ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။"

"ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။ "

"အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။"

"မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။"

"ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်”ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။"

"စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ။ လမ်းလျောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျောက်ကျင့်ပေးခဲ့ ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။"

"အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။"

"တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။"




ဒါကိုဖတ်ပြီးလို့ အတွေးတစ်ခုဝင်လာတယ်
ဒို့တတွေ အိုမင်းနေတဲ့ မိဘတွေနဲ့ နီးနီးကပ်ကပ် နေသင့်နေပြီ
ခုတော့ အဝေးမှာရောက်နေတော့ မိဘကို ရည်မှန်းကန်တော့ရုံကလွဲလို့ 
မတတ်နိုင်ဘူး ကွယ်.. မိဘတွေ စိတ်ကျေနပ်ဖို့ မကောင်းတာ ဘာမှ မလုပ်ဖို့ပဲ ဆုံးဖြတ်ထားပါတယ် တစ်ခုတော့ ပို့သချင်ပါတယ် သားထွေး ပြုလိုက်သော ကုသိုလ်ကောင်းမှု မှန်သမျှ မိဘများ သာဓု ခေါ်နိုင်ပါစေသတည်းလို့ အာရုံတွေကို စုစည်းပြီး မမြင်ရတဲ့ စွမ်းအားများနဲ့ ပို့ဆောင်နေပါတယ် ရောက်ရှိပါစေ အားလုံးကို အမျှဝေလိုက်ပါသည်..... အို မိခင်.. ဖခင်... .။


သားထွေး


Sunday, August 2, 2009

မြတ်စေတီ



စေတီတော်မြတ်တည်ထား ပူဇော်ပုံ


ကျွှန်ုပ်တို့ ဗုဒ္ဒဘာသာဝင် အဆက်အနွယ်များသည်စေတီကို ဘာနဲ့ တည် သလဲဟုမေးသော် အုတ် ၊ သဲ၊ ကျောက်တို့ဖြင့်တည်သည်ဟုဖြေကြပေမည်။

ကျွှန်တော်သည်ပင် စေတီတည်ထားရခြင်း၏ ဂုဏ်ကျေးဇူး ။ ကိန်းဝပ်တော်မူသည့်မြတ်တရား အပိုင်းအခြားများကိုလုံးဝ မသိခဲ့ပါ ။ ယခုကျွှန်တော် သိသမျှစေတီတော်၏ ပုံသဏ္ဌန် အပိုင်းလိုက်တင်ပြရေးသားလက်ဆင့်ကမ်းခြင်းဖြင့် ကုသိုလ်ပွါးပါမည် ။


စေတီတော်ကိုအရံစေတီငယ်များအောက်ခြေဖိနပ်တော်မှစ၍ အပိုင်းအားဖြင့်(၁၉) ပိုင်းရှိသည်။


( ၁ ) စိန်ဖူးတော်

( ၂ ) ဌက်မြတ်နား

( ၃ ) ထီးတော်

( ၄ ) ဌက်ပျောဖူး

( ၅ ) ကြာရင့်

( ၆ ) ကြာလှန်

( ၇ ) ကြာနု

( ၈ ) ရွဲ

( ၉ ) ကြာမှောက်

( ၁၀ ) ဖောင်းရစ်

( ၁၁ ) ပန်းဆွဲ

( ၁၂ ) သပိတ်မှောက်

( ၁၃ ) ရင်ဖွဲ့ 

( ၁၄ ) ခေါင်းလောင်းပုံ

( ၁၅ ) ခေါင်းလောင်းနား

( ၁၆ ) ကျည်းဝန်း

( ၁၇ ) ပစ္စယာသုံးဆင့်

( ၁၈ ) ဖိနပ်တော်

( ၁၉ ) စေတီရံများ အစသဖြင့်ရှိကြသည် ။


ဖိနပ်တော်။ ။ အောက်ခြေဖိနပ်တော်၏ အတိုင်းအထွာများကို ရွှေအုဋ္ဌ် ငွေအုဋ္ဌ်များနှင့်ခင်းကျင်းပြီးပါက ပထမ ပစ္စယာမှစတင်၍ တရားသဘောဖြင့်စပါသည် ။


ပစ္စယာသုံးဆင့် ။ ။ ပထမ ပစ္စယာကို တရားသဘောနှင့် ဝိဘဝတဏှဟု သတ်မှတ်ပါသည် ။ ဘဝဆိုတာမရှိ ၊ ဘဝဆိုတာလုံးဝကင်းပြတ်၏ဟု စွဲယူနှစ်သက်ခြင်းဖြစ်၍ ဥစ္ဆေဒ ဒိဌိ ဖြစ်ပါသည် ။


ဒုတိယပစ္စယာ - ဘဝ တဏှာဟုသတ်မှတ်ပါသည် . ဖြစ်ခြင်း ၊ ပျက်ဖြင်းရှိနေသော ဘဝကိုနှစ်သက်ခြင်း၊ သာယာခြင်း သသ၁တဒိဌိဖြစ်ါသည်။


တတိယပစ္စယာ - ကာမဂုဏ်တရားများကိုလွန်စွာမှနှစ်သက်ခံစားတတ်သော သဘောရှိ၍ ကာမတဏှာဟု သတ်မှတ်ပါသည် ။ ထိုကာမဂုဏ်သည်မြဲသည်ဟုထင်မှတ်၍ သက္ကာယ ဒိဌိထိုက်ပါသည် ။


ပန်းတင်ခုံ ။ ။ ပစ္စယာသုံးဆင့်အထက်တွင်ရှိပါသည် ။ပန်းများတင်လှူ ၍ ပန်းတင်ခုံဟုခေါ်ပါသည်။ အလွန်မြင့်မြတ်သည့် ကံစေတနာဟု သက်ရောက်၍ တရားအားဖြင့် အဘိသင်္ခါရပတ္တနာ ဟုသတ်မှတ်သည် ။


ခေါင်းလောင်းပုံ ။ ။ ခေါင်းလောင်းနားတရားသဘောမှာ ဘာဇေမ-အမျှ ၊ အမျှ ဟုပေးဝေခြင်းသဘောရှိသည်။


ကျည်းဝန်း ။ ။ ဆိုသည်မှာ ခေါင်းလောင်းနားပေါ်လွင်စေရန် အောက်ခံခုံ အဖြစ်သတ်မှတ်ထားသည့် စက်ဝန်းပုံ ဗိသုကာလက်ရာဖြစ်ပါသည် ။


ပန်းဆွဲ ။ ။ဘီးလူးမပန်းဆွဲဟုလည်းဆိုခြင်းဖြစ်သည် ။ ၃၇ ပါးသောဘေးအပေါင်းမှ ကင်းလွတ်နိုင်သည့်တရားသဘောရှိ၍ ဘယဥာဏ် ဟုပန်းဆွဲကို သတ်မှတ်ပါသည်။


ရင်ဖွဲ့ ။ ။ရင်ဖွဲဆိုသည်မှာ ခါးစည်းကိုခေါ်ခြင်းဖြစ်သည် ။ ပန်းဆွဲအထက်နားတွင်ရှိသည် ။ အဝတ်ပုဆိုးများဝတ်ရာတွင် မကျွတ်စေရန် ခါးစည်းခါးပတ်သကဲ့သို ကိလေသာကာမတရားများ ရှင်သန်ခြင်းမရှိစေရန် သိက္ခာသုံးပါးဖြင့် ထိန်ချုပ်ထားခြင်းကို ရင်ဖွဲ့ ခါးစည်း ဟုခေါ်ပါသည် ။


သပိတ်မှောက် ။ ။ သပိတ်မှောက်၏သဘောသည်အလွန်မှတ်ထိုက်ပါသည် ။ သပိတ်အတွင်းရှိ ပစ္စည်းများကို အကြွင်းအကျန် မရှိ သွန်မှောက်ပစ်သကဲ့ သိုယ ရာဂအညစ်အကြေးများကို ဆိုင်ရာဆိုင်ရာ မင်္ဂတရားနှင့်ပတ်သက်၍ ဖော်ညွှန်းထားခြင်းဖြစ်ပါသည် ။


ဖောင်းရစ်။ ။ ဖော်းရစ် သည် ( ၇ ) ရစ်ပါရှိသည် ။ စင်ကြယ်ခြင်းတည်းဟူသော ဝိသုဒ္ဒိ ၇ ပါးကို အဓိပါယ်ဖော်ထားခြင်းဖြစ်ပါသည်။


ကြာမှောက်။ ။ ပုတုစဉ်တို၏ နယ်မြေအဆုံးကို ညွှန်းပြဖြင်းပင် ။ သစ္စာလေးပါးတရားအားသိသော်လည်းမမြင်၊ မြင်သော်လည်းမရသေး၊ကျင့်ကြံဆဲပုဂ္ဂိုလ်တို၏ နယ်ဆုံးဖြစ်သည်။ ကြာမှောက်နှင့်ရွဲ ၊ကြာနု ၊်ကြာလှန်၊ကြာရင့် တိုအကြားတွင်ခရားသီဆိုတာရှိပါသည် ။ တရားသဘောအားဖြင့်ပုထုဇဉ်နှင့်အရိယာနယ်မြေခွဲ သတ်မှတ်ထားသောနေရာဖြစ်သည် ။


ကြာလှန် ။ ။ အရိယာနယ်မြေအစသိုရောက်ပြီဖြစ်ကြောင်းပြဆိုပါသည် ။


ဌက်ပျောဖူး ။ ။ စေတီတစ်ဆူ၏ အထွတ်ထိပ်ဖြစ်သည် ။ လူ ၊ နတ် ၊ ရဟန်းသာမန်တို၏ အရာမဟုတ်ပေ ။ ဤနေရာတွင်တရားမရလျှင် ငါမထဟုဝီရိယတော် ပြင်းထန်သည့် အာဇာနေယ ခေါ်အာဇာနည်အရိယာပုဂ္ဂိုလ် တို့၏အရာသာဖြစ်ပေသည်။ တရားသဘောအားဖြင့်အရဟတ္တမဂ်ဖြစ်ပါသည် ။ (အထူးမှတ်သားထိုက်သည်မှာ) ဌက်ပျောဖူးသည်စေတီ၏ထိပ်ဆုံးပိုင်းဖြစ်၍ အိန္ဒယ၊ သီရိလကာင်္၊ ထိုင်းနိုင်ငံရှိစေတီတော်များတွင် ထီးတော်မတင်ကြပေ ။ တခြားအကြောင်းကြောင့်မဟုတ်ပေ ။ မြန်မာတိုသည်ကား ဌက်ပျောဖူးမျှဖြင့်ကြည်ညိုခြင်းဖြင့်တင်းတိမ်မှုမရှိသဖြင့် ဗိသုကာဆန်းသစ်ကာ ထီးဌက်မြတ်နား ၊ စိန်ဖူးတော်တို့ ကို ထပ်ဆင့်တင်လှူခဲ့ကြခြင်းဖြစ်သည်။ (သဒ္ဒါလွန်တာနော်)


ထီးတော် ။ ။ တရားသဘောသည် နိဗဗာန်သို့ မျုက်မှောက်ပြုနိုင်ပြီးဖြစ်သော အရဟတ္တဖိုလ် ဖြစ်သည် ။


ဌက်မြတ်နား ။ ။ ကြက်မင်း၊ ကျေးမင်း၊ ဟသာင်္မင်း၊ ဇာမဏီဌက်ုမင်း အစရှိသည့်ဌက်မင်းများတန်ဖိုးရှိသကဲ့သို ရဟန္တာပုဂ္ဂိုလ်များ၏ ဖလသမာပတ် ဝင်စားရာနေရာမြတ်ဖြစ်လေသည်၊


စိန်ဖူးတော် ။ ။ သင်္ခတနိဗ္ဒာန်ဟုသတ်မှတ်၍ သင်္ခါရ တရားတို့၏ ချုပ်ငြိမ်းရာမှန်း မဟာ အသင်္ခတနိဗ္ဒာန်ရွှေပြည် ဟုအဓိပယ်ရပါသည် ။


မြတ်စေတီတော်များသည် မည်သည့်ပုံစံ အမျိုးမျိုးဖြင့်တည်ထားသည်ဖြစ်စေ ၊ လောကုတ္တရာတရားများ ကိန်းဝပ်တော်မူပြီးဖြစ်သည်။ ထိုစေတီမြတ်များသည် လောကီဗေဒင်အလိုအရ ယတြာ-ဓာတ်ဆင်နှင့်တည်ထားသည် မဟုတ်ပေ ။

ဗုဒ္ဒဂုဏ်တော်မြတ်တရားဖြင်တည့်ထားသော ဆင်းတု ၊ ရုပ်ပွါး၊ စေတီတော်များအား ဌာပနာဖောက်ခြင်း ၊ ရွှေ၊ငွေ စသည့်တို့ကိ ခိုယူခြင်း ။ဖျက်ဆီးခြင်းပြုပါက ကံကြီးငါးပါးတွင် ဘုရားရှင်အားသွေးတည်အောင်ပြုခြင်းတည်းဟူသော ဒေဝဒတ် မိုက်ကဲ့ သို့ လောဟိတုပါဒက ခေါ် ပဉ္စာနန္တိယံကြီးထိုက်ကြောင်းကျမ်းများတွင်အတိအလင်းဖွင့်ဆိုထားလေသည် ။။။။။။။


သိသောသူများသတိပြန်ရ၍ မသိသေးသော်သူများသိရှိစေလိုခြင်းဖြင့် ကုသိုလ် ပွါးနိုင်ကြပါစေ .....



" ရွှင်လန်းချမ်းမြေ့ကြပါစေ "





သားထွေး












Tuesday, July 21, 2009

မိသားစု ကဗျာ

တစ်ယောင်ကိုတစ်ယောက် ရိုသေကြရင်းနဲ့
ငါတို့ စကားဝိုင်းထဲမှာခုဆိုရင် .......
လေးယောက်ထိရှိလာဘီ။ ။

ဘယ်က ရောက်လာမှန်းမသိတဲ့
ကျွန်တော့်ရဲ့ ဒုက္ခတွေကိုခါးစည်းခံခဲ့တာ အမေ ပေါ့.....
အသိပညာတွေ အလေ့ကျမပေါက်ဖို့
စနစ်တကျ ညွန်ကြားခဲ့တာ အဖေ လေ......

တစ်ယောက်ထဲရှိတယ်လို့ ထင်ရပေမယ့်
သတ်မှတ်ချက်တွေအရတော့
ကျွန်တော်မှာ မောင်နှမ နှစ်ယောက်တိတိရှိခဲ့တယ်........

မျက်ရည်နဲ့ ပူဆွေးခဲ့ရတဲ့ နေ့တွေရှိခဲ့လို့လဲ
ပျော်ရွင်ခြင်းမိုးတိမ်တွေကိုဖက်တွယ်ခွင့်ရခဲ့တာပေါ့
တစ်ယောက်သံယောဇဉ်ကို တစ်ယောက် ချည်နှောင်ကြ

ဘယ်လိုအသံမျိုးနဲ့မှတော့
ငါတို့ စကားဝိုင်း က သေဆုံးခဲ့မှာမဟုတ်ဘူး.........
အချိန်ကျလာရင်သာ
အလျှိုလျှိုခွဲထွက်သွားကြမှာပါ
တစ်ယောက်ကိုတစ်ယောက်
နှုတ်မဆက်ကြေးပေါ့။ ။

Saturday, July 18, 2009

ရွာအပြန်အတွေး

ရုတ်တရက်ဆိုတော့ဝါး
နှုတ်ဆက်ကြိုပေါ့စကား
အနောက်ဖက်နား အရှေ့ဖက်နား
"ဒီနေ့  ဘာလေးကြားလဲ".......တဲ့ ။

"ဘာကောင်းလဲ့..........."
ဘယ်တစ်လုံးကောင်းလဲ့..........
ကိုးမကြိုက်ဖူးလား........
( ဘယ်တုံးကမှ )မကြားဘူးတဲ့နှုတ်ဆက်စကားများ
ကျမ်းများမှာလည်းမပါ စာများမှာလဲမရှိ
ကျုပ်မသိတဲ့နေရာ
ရောက်လာသလိုခံစားရ ။

ရပ်ထဲလျှောက်လျှောက် ရွာထဲရောက်ရောက်
အိမ်ပေါက်စေ့ကြား မိသားစုအတွင်းလဲင်္ဒီစကား
ကြီူပွါးေ၇းအတွက် စီးပွါးရေးမတွက်
နှစ်လုံးထီထွက်မယ့်ရက်ပဲမျှော်နေ.....................

ဆရာဒကာ ညီညွတ်စွာနဲ့ 
သာသနာအကျိုး မသယ်ပိုးပဲ
ချဲတွက်တဲ့ ကျောင်း
ကားကြီးငယ် အသွယ်သွယ်
ဝင်ထွက်ကယ်စည်ပင်
ဲဖြစ်ချင်တိုင်းဖြစ် စိတ်ညစ်စရာကြီင်္း...။

ဟင် အမှတ်မရှိတဲ့ အသည်း
နှစ်ထပ်ရှိအောင်ဆဲရ ရင်ဖြင့် 
ကျုပ်ပဲ ငပွကြီး ဖြစ်...
ခဲနဲ့ ပစ် ခံရကရော့မယ်............။

ရက်၃၀ မှာ ၂၀ ကထီဖွင့် တဲ့ရွာ
တိုးတတ်စရာ ရှာကြည့်ဦးမလား
စဉ်းစားသာကြည့် အထင်းသားသာသိ................

သားထွေး

Tuesday, July 7, 2009

ညောင်ဦးကမ်းပါးပြို

လှုပ်လှုပ်သဲသဲ
ကမ္ဘာ့စီးပွားရေး ဂယက်...။

ဘီလျံတွေ...မီလျံတွေ...
ဟော..ခနဲ ထွက်လာတဲ့ ငွေတွေ...။

ကျီးကြည့် ကြောင်ကြည့်
တောင်ကြည့် မြောက်ကြည့်ကျီးလန့်စာစား...။

ဘယ်တော့များ လူလျှော့မလဲ...
ဘယ်တော့များ အလုပ်ပြုတ်မလဲ...
ဘယ်တော့များ ရှယ်ယာတွေ ရှုံးမလဲ...။

ဟော.. တစ်ယောက်...ဟော.. တစ်ယောက်...
အမွဲစာရင်း ကြေငြာဖို့ ပြင်ဆင်နေကြတယ်...။

အနောက်ကနေ အရှေ့အရှေ့ကနေ အနောက်
်ယှက်သွယ်တဲ့ စီးပွားရေးကွန်ယက်
အပြိုပြို အလဲလဲ စတင်နေတော့...

ဘာမဆိုင် ညာမဆိုင်..
ဘိုကလေး အောက်ဘက်
ကဒုံကနိရွာကဆင်းရဲသား ကလေးငယ်တစ်ယောက်
ထမင်းဆာ လို့ ငိုညည်းနေရဲ့....။

Wednesday, July 1, 2009

တစ်နယ်စီခွဲ

ပုံရိပ်ရောင် တစ်

နံနက်စောစော မေမေဘုရားရှစ်ခိုးသံနှင့် အတူအိပ်ယာမှ မထချင်သော်လည်း စိတ်ကိုတင်းကာ အိပ်ယာမှ ထပြီးရေချိုးခန်းသို့ ဝင်ခဲ့ ရသည် ။ ညအိပ်ယာဝင်နောက်ကျရ်ျ အိပ်ရေးမဝသည်မှာ အမှန်ပင် ။ မေမေနှင့် အတူ နံနက်စောစော စား စားရ်ျ အလုပ်သို့ သွားရင်း လမ်းထိပ် ဘစ်ကားထိပ်မှတ်တိုင်တွင် မထင်မှတ်ထားသော ငယ်သူငယ်ချင်း မောင်တိုးနှင့် ဆုံသည် ။ နှစ်ဦးသားပြန်ဆုံရန် စကားပြောအပြီး ဘစ်ကားလာသဖြင့် ကျွှန်တော်တတ်လိုက်သွားရ်ျ မောင်တိုးမှာ ကားမှတ်တိုင်းတွင် လက်ပြရင်းကျန်နေရစ်ခဲ သည်။ အလုပ်ထဲတွင် အလုပ်လုပ်နေရင်း မောင်တိုးအကြောင်းက ကျွှုန်တော်ခေါင်းထဲသို့ ရောက်လာသည် ညနေအလုပ်သိမ်းချိန်တွင် တွေ့ ဆုံရန်ပြောထားသော်လည်း အချိန်ပိုရှိလျှင် ဘယ်လိုတွေ့ မလဲစဉ်းစားနေမိသည် ။

မောင်တိုးနှင့်ကျွှန်တော်သည် ငယ်စဉ်ကလေးဘဝကပင် ရင်းနှင်းခဲ့ကြသည် ကျောင်းသွားအတူတူ ကစားအတူတူပေါ့ အိမ်ချင်းကလည်း ကပ်လျှက်လေ....

တစ်နေ့ မှာတော့ ကျွှန်တော်တို့ နှစ်ယောက် ကျောင်းမတတ်ပဲ ရုပ်ရှင်ကြည့်ရန် တိုင်ပင်ပြီး နှစ်ယောက်သား ရုပ်ရှင်ရုံသို ချီတတ်လေသည် လက်မှတ်ဝယ် သောနေရာတွင် ကျွှန်တော်တို့ ခြံနှစ်ခြံကျော်က အပျိုကြီး မကြာဖြူ တို့အုပ်စုနှင်တွေလေပါရော.......ကျွှန်တော်တို့နှစ်ယောက်လည်း ဘယ်ရမလဲ မသိချင်ရောင်ဆောင်ပြီး ထွက်ပြေးတာပေါနော်......ဟိ....ဟိ အလွတ်ပါဘူးဗျာ သူတို့ အုပ်စု အနောက်ကအတင်းလိုက်ခေါ်သဖြင့် မိသွားပါလေရဲ့ ...အဲဒီအချိန်မှာ ကျွှန်တော်တို့ နှစ်ယောက်စလုံး ရင်တွေတဒိန်းဒိန်းနဲ့ ခုန်နေလိုက်တာ တကယ်ပါ.. မမကြီးတွေလိုက်ခေါ်လို့ ခုန်တာမဟုတ်ဘူးနော် ဟဲ.......ဟဲ.....အိမ်ကိုပြန်ပြောရင် ပြသာနာဆိုတာကို တွေးကြောက်ပြီး ရင်ခုန်နေမိတာပါ ......မမတို့ အုပ်စုက လက်မှတ်မဝယ်ရသေးရ်ျ ကူညီးပေးရန် တောင်းဆိုသဖြင့် နှစ်ဦးသား စိတ်သက်သာယာရခဲ့ သည်...လက်မှတ်ဝယ်သောနေရာတွင် လူများလှ၏.....ကျွှန်တော်တို့ လည်းကလေးပီပီတိုးဝှေ့ ကာ လက်မှတ်ဝယ်ရ်ျ် အပျိုကြီး မမတို့ ကိုပေးပြီး ရုံတွင်းသို့  ဝင်ကြလေသည်။

ရုပ်ရှင်ဇာတ်ကား အမည်ကို အခုထိမှတ်မိနေဆဲပါ ဒိုး ဇာတ်ကားဖြစ်ပါတယ် သရုပ်ဆောင်တွေကတော ကိုကျော်သူ ၊ကိုစိုးသူတို့ ပေါ ဗျာ.......ရုပ်ရှင်ကြည့်ရလို သူငယ်ချငိးနှစ်ယောက် ပျော်ရွှင်ပြီး ထွက်လာချိန်မှာတော ချိန်းထာရင်းလွှဲနေဦးမယ်......ရုပ်ရှင်ရုံအထွက်မှပင် ကျွှန်တော်တို့ အတန်းပိုင် ဆရာမနှင့် ဆုံပါလေရောဗျာ.....နှစ်ယောက်သား အရဲစွန့် ကာလက်နှစ်ဘက် နောက်ကိုပစ်ပြီး ခေါင်းလေးငုံကာ ဆရာမရှေ့တွင် နှစ်ယောက်သား မတ်တတ်ရပ်လိုပေါ .........ဆရာမကတော ကောင်းတယ် သိပ်ကောင်းတယ် ဆိုတဲ့ အဓိပါယ်ရှိသော စကားကိုပြောကာ ထွက်သွားသည့်တိုင် နှစ်ယောက်သားကြောင် တောင်တောင်ဖြင့် လမ်းလယ်တွင်ရပ်နေမိသည်။
နှစ်ယောက်သား အတွေးကိုယ်စီဖြင့် လမ်းလျှောက်လာရင်း ကျွှန်တော်တို့ နေသော အိမ်လမ်းထိပ်သို့အရောက်မှာတော တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ စကားမပြောနိုင်ကြပေ စိတ်ကိုတင်းကာ လမ်းလျှောက်လာရင်း အိမ်ခြံဝသို့ အေ၇ာက် ကျွှန်တော်၏ အနောက်ဘက်မှ ဖေဖေစက်ဘီး ရဲ့ ဘီလ်သံကို ကြားလိုက်ရချိန်မှာတော...........................

သားထွေး

Saturday, June 27, 2009

သားဆိုးများ.........သို့ 

အိုအမေ......သန္ဒေတည်စ
သားထွေးဘဝ.....အဖြူ အမည်း မသဲကွဲချိန်ကစလို့ 
မေမေရဲ့ မေတ္တာ စေတနာ ဂရုဏ တွေဟာ
သားထွေးအပေါ် ကြီးမားလှပါတယ်........မေမေ

ချို ချဉ် ပူစပ်များကို အားခံတွင်းလိုက်ရ်ျ
စားချင်သော်လည်း သားထွေးအပေါ်
သက်ရောက်မဲ့ ဒဏ်ကို စိုးရမ်းစိတ်ဖြင့်
စိတ်ဆန္ဒတွေကို ပယ်ချခဲ့တဲ့
မေမေရဲ့ မေတ္တာတွေကြီးမားလှပါတယ်.......မေမေ

လူလောကထဲ စရောက်ချိန်
ခြေဖဝါး လက်နှစ်လုံး ပခုံးလက်နှစ်ဆစ်
အပြုံး အရာယ် ဘာမှမသိတဲ့ အချိန်ပေါ့ 
သားထွေးအပေါ် ကျရောက်လာမည့်
ခြင် ယင် ပုရွတ် စသည့် အန္တာရာယ်များကို
နေ ၊ ည မပျက် မညည်းငြုပဲ
အပင်းပန်းခံ စောင့်ရှောက်ပေးတဲ့ 
မေမေ မေတ္တာတွေ ကြီးမားလှပါတယ်.........မေမေ

လူမှန်းသိတတ်ဘဝ ရောက်ချိန်မှာတော့
သားထွေးဘဝအတွက် အစီစဉ်တွေနဲ့ 
လက်ကိုဆွဲကာ ပညာရေးလောကထဲကို
အရောက်ပို့ ပေးခဲ့ ပြန်တယ်
စောကစားလို့ ပေကျံ အဝတ်များကိုလည်း
ကျွန်တစ်ယောက်ပမာ အချိန်အခါမစောင့်
လျှော်ဖွတ်ပေးပြီး နံနက်ကျောင်းဝတ်စုံကိုလည်း
အဆင်သင့်ဖြစ်အောင် မညည်းမငြုလုပ်ဆောင်ပေးခဲ့ တဲ့
မေမေရဲ့ မေတ္တာတွေကြီးမားလှပါတယ်........မေမေ

လူလားမြောက်လို လူမှု့ ပတ်ဝန်းကျင်ထဲ
ဝင်ရောက်ချိန်မှာတော့ မေမေရဲ့ စိုးရိမ်စိတ်ဖြင့်
ပညာရေးတပိုင်းတစ အပေါင်းသင်းမမှားရအောင်
ချောတစ်ခါ ခြောက်တစ်လှည့်ဖြင့်  သားထွေးကိုဆုံးမပေးခဲ့ တဲ့ 
မေမေရဲ့ မေတ္တာတွေ ကြီးမားလှပါတယ် .......မေမေ

သားထွေးဘဝမှာ ဒုက္ခ နဲ့ သုခတွေဖြစ်လာချိန်မှာ
အရင်းဆုံး တမ်းတမိတာ..... မေမေပါ
အခုလို လူလောကမှာ ခြသေ့င်္လိုစိတ်ဓာတ်မျိုးနဲ့ 
ရပ်တည်နေနိုင် ထိန်းသိမ်းပြုပြင်ပေးခဲ့ တဲ့ 
မေမေရဲ့  မေတ္တာ စေတနာ ဂရုဏ တွေကို
သားထွေးတစ်ယောက် နားလည်သဘောပေါက် သိရှိလိုက်ရတဲ့
အချိန်မှာတော့ မေမေဟာသားထွေးနဲ့ အဝေး........................အဝေး...............အဝေးဆုံး..................

သားထွေး

Friday, June 26, 2009

...........တန်းဖိုးထားတတ်ကြပါစေ..........

ခြောက်ကြိမ်မြောက် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ အစည်းဝေးပွဲကြီးကို ရန်ကုန်မြို့မှာ ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့က ပြုလုပ်ကျင်းပခဲ့ကြောင်း ၂၃ ရက်နေ့ထုတ်သတင်းစာထဲမှာ ပါရှိပါတယ်။ အဲ့ဒိအစည်းအဝေးမှာ ဥက္ကဌဖြစ်တော်မူတဲ့ မကွေးဆရာတော်ဘုရားကြီး၏ သရဏီရသြ၀ါဒကထာမှာ မှတ်သားဖွယ်ရာကောင်းလှပါတယ်။

ထိုနေ့သတင်းစာကို ဖတ်ဖူးသူ တိုင်းသိရှိကြမယ်ထင်ပါတယ်။ လောကမှာ မြတ်နိုးမှုမရှိရင် ပျောက်ဆုံးတတ်တာဟာ သဘာဝပါ။ လူတိုင်းဟာ တန်းဖိုးရှိတဲ့ရတနာတွေကို အမြတ်တနိုး တန်ဖိုး ထားတတ်ကြပေမယ့်၊ တန်ဖိုးမရှိတဲ့ ကျောက်တွေကိုတော့ လမ်းဆင်းလျှောက်ဖို့၊ လမ်းခင်း ကျောက်လုပ်ပစ်တတ်ကြပါတယ်။

မြတ်စွာဘုရားရှင်ကလည်း လောကမှာ တရားစစ်၊ တရားမှန်ဖြစ်သော ဓမ္မကို၊ တရားစစ်၊ တရားမှန် မဟုတ်သော၊ အဓမ္မဟု လုပ်ကြလျှင်၊ ၀ိနည်းစစ်၊ ၀ိနည်းမှန်ဖြစ်တဲ့ ၀ိနယကို၊ ၀ိနည်းစစ်၊ ၀ိနည်းမှန်မဟုတ်တဲ့ အ၀ိနယဟု လုပ်နေကြပြီဆိုလျှင်၊ မြတ်စွာ ဘုရားရှင် မဟောပြောအပ်၊ မဟောပြောခဲ့သည် များကို၊ ဟောပြောအပ်၊ ဟောပြောခဲ့သည်လို့ ဆိုကုန်ကြလျှင်၊ မြတ်စွာ ဘုရားရှင် ဟောပြောအပ်၊ ဟောပြောခဲ့သည် များကို၊ မဟောပြောအပ်၊ မဟောပြောခဲ့ပါဘူးလို့ ဆိုကုန်ကြလျှင်၊။ပ။ ဒီသာသနာ တော်ကြီးကွယ်ပလိမ့်မယ်လို့ ဟောကြားတော်မူခဲ့ပါတယ်။(အံ၊ ၁၊ ၁၈-၁၉)။

မကွေးဆရာတော်ဘုရားကြီးက တက်ရောက်လာကြသော သံဃာတော်အရှင်မြတ်တို့အား ဆက်လက်လျှောက်ထားသည်မှာ- ဆရာတော်အရှင်မြတ်တို့ဘုရား။ ယခုသာသနာတော်နောက်ပိုင်း အချိန်အခါ၌ အဓမ္မကို ဓမ္မဟုပြခြင်း စသည်ဖြင့် လူအများ စီးပွားချမ်းသာမဲ့ခြင်း၊ အကျိုးမဲ့ခြင်း၊ နတ်လူတို့ အစီးအပွားမဲ့ခြင်း၊ ဆင်းရဲခြင်းငှာ ကျင့်ကြကုန်သည်ဖြစ်၍ များစွာသော အကုသိုလ်ကို ဖြစ်ပွားစေကြကာ သာသနာတော်ကြီး ကွယ်ပျောက်အောင်ပြု လုပ်နေကြသည့် ရဟန်း၊ သာမဏေများ ပေါ်ပေါက်နေကြသည်ကို ကြားသိကြရပါသည်ဘုရား။

အချို့ရဟန်းများက လည်း ထေရ၀ါဒဗုဒ္ဓသာသနာတော် မှေးမှိန် ကွယ်ပျောက်၍ မဟာယာနသာသနာဖြစ်ပေါ်အောင် လုပ်ဆောင်နေကြ သည်ကိုလည်း ကြားသိနေရပါသည် ဘုရား။ စသဖြင့် လျှောက်ထားခဲ့ပါတယ်။ ဒီအကြောင်းတွေ ကြားရတာ၊ မြင်ရတာဟာ သာသနာအတွက် ရင်လေးစရာတွေပါပဲ။ ဆရာတော်ကြီးများက သတိတရားရှိရှိ၊ အမျိုးချစ်စိတ်၊ ဘာသာသာသနာချစ်စိတ်ရှိရှိနဲ့ အများကောင်းကျိုး၊ နတ်လူ ဗြဟ္မာသတ္တ၀ါတို့ကောင်းကျိုးကို ရှေ့ရှုလို့ အဓမ္မတရားတွေ ပပျောက်အောင် ဆောင်ရွက်နေချိန်မှာ ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းမှုပြုနေကြတဲ့ ဒကာ၊ ဒကာမတွေဘက်ကလည်း သတိတရားရှိရှိနဲ့ သာသနာဖျက်လုပ်ငန်းတွေကို တွန်းလှန်သင့်ပါတယ်။

ဒါမှသာ တို့သာသနာတော်ကြီး အဓွန့်ရှည်တည် တံ့မှာဖြစ်ပါတယ်။ အဓမ္မတွေကို တွန်းလှန်ဖို့ဆိုတော့ ဓမ္မတွေကိုအရင်သိထားမှ ဖြစ်ပါလိမ့်မယ်။ ဓမ္မကို ဓမ္မမှန်းမသိတဲ့အခါ အဓမ္မနဲ့ ဓမ္မကိုမှားပြီး ကျင့်နေတတ်ပါတယ်။ အတုဆိုတာ အစစ်ကို ပုံစံယူ၍ ဆင်တုအောင်လုပ်ထားတဲ့အရာပဲ ဖြစ်တယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။ ဒါကြောင့် အဓမ္မဆိုတိုင်း ဓမ္မနှင့် လုံးဝမတူတဲ့အရာလို့တော့ မထင်လိုက်ပါနဲ့။ ခပ်ဆင်ဆင်လေး တူပါတယ်။ ဆင်တူယိုးမားရှိပါတယ်။ သတိပြုကြပါ။ ဒါပေမယ့် ခုအချိန်မှာတော့ ဗေဒင်တွေ၊ အင်း၊ အိုင်၊ မန္တရား၊ နက္ခတ်၊ ပြဿဒါး၊ ရက်ရာဇာ တွေက လူသားတွေကို အနိုင်ယူ နေကြတာ အားလုံးအမြင်ပါပဲ။

ဗေဒင်ဆရာခိုင်းရင် ဘာမဆိုလုပ်တယ်။ ဗေဒင်ပညာရပ်ဆိုတာဟာ တို့မြတ်စွာဘုရားရှင် မပွင့်ပေါ်ခင်ကတည်းက တည်ရှိခဲ့တဲ့ပညာတစ်ခုပါပဲ။ မြတ်ဗုဒ္ဓလောင်းလျာကိုတောင် ဧကန် စင်စစ်ဘုရားဖြစ်မယ် ဟောခဲ့သေးတာ အထင်အရှားရှိနေသေးတာက အထင်အရှားလေ။ ဗေဒင်ပညာက အဲ့ဒိလောက်ထိအောင်ကို မှန်တယ်လို့ ပြောရမလိုပါပဲ။ ဒါပေမယ့် တစ်ဖက်ကကြည့်တော့လည်း အလောင်းတော်ကို ဧကန်စင်စစ် ဘုရားဖြစ်မယ် ပြောခဲ့တဲ့သူတွေက ဘုရားအလောင်းတော်က အစာအာဟာရတွေ ပြန်လည်မှီဝဲပြီး တရားကျင့်တဲ့ အခါမှတော့ အပြင်း အထန်ကျင့်တုန်းကတောင် ဘုရားမဖြစ်နိုင်တာ၊ ခုလို အစားအစာတွေ ပြန်လည်စားသောက်ပြီး ကျင့်လို့ကတော့ ဖြစ်လာမှာမဟုတ်တော့ဘူးဆိုပြီး စွန့်ခွာသွားခဲ့ကြပုံကလည်း သူတို့ဗေဒင်ပညာကို သူတို့ကိုယ်တိုင်က မယုံကြဘူးဆိုတာကို သက်သေထူလို့ရပါတယ်။

ပညာရပ်အနေနဲ့ လက်ခံလို့ရပေမယ့် အားကိုးထိုက်တဲ့ အရာမဟုတ်တာတော့ သိထားသင့်ပါတယ်။
ဖြစ်နေတာက မကောင်းတဲ့ အဖြစ်ဆိုးများ တစ်ခုခုကြုံရပြီဟေ့ဆိုတာနဲ့ ကိုယ့်ပြုခဲ့တဲ့ အတိတ်ကံကို ပစ်ပယ်ပြီ ဗေဒင်ဆရာဆီ ပြေးတတ်တဲ့အကျင့်တွေက လူတော်တော်များများမှာ ဖျောက်မရအောင်ဖြစ်နေပါတယ်။ သူတို့တွေက ဘုရားကိုလည်း ဗေဒင်ကပြောတဲ့အတိုင်း အမွှေးနံ့ သာတိုင်တွေထွန်း၊ ပန်းတွေ၊ ရေချမ်းတွေကပ်လို့၊ တရားတော်ကိုလည်း ဂါထာတွေ၊ မန္တန်တွေဖွဲ့လို့၊ သံဃာတော်ကိုလည်း ဟိုဟာပင့်ရွက်ခိုင်း၊ ဒီဟာပင့်ရွတ်ခိုင်းနဲ့၊ ဘာနေ့သားဆရာတော်ကို ဘာကပ်ပြီးတဲ့အခါမှာ၊ ဘယ်နေ့နံဘုရားမှာ၊ ဘယ်ထောင့်ကနေပြီးတော့၊ ဘာဂါထာကို ရွတ်ရမယ်ဆိုတာတွေနဲ့၊ ရတနာသုံးပါလုံးကို အသုံးချစရာတစ်ခုအနေနဲ့ လုပ်ဆောင်နေကြတာ တို့နိုင်ငံရဲ့ယနေ့ မြင်ကွင်းတစ်ခုပါပဲ။ ကျွန်တော်ပြောခဲ့သလိုပါပဲ။ တန်ဖိုးရှိတဲ့ရတနာကို တန်းဖိုးမသိတဲ့အခါ လမ်းဆင်း လျှောက်ဖို့ လမ်းခင်းကျောက် လုပ်ပစ်တာဟာ အလွန်မိုက်တဲ့သူတွေလို့ ပြောရင်ရမယ်ထင်ပါတယ်။

အလှူလုပ်တာကောင်းတာပါ။ တိုက်တွန်းလို့လုပ်တာမဟုတ်ပဲ ကြည်ညိုသဒ္ဓါတရားနဲ့ လုပ်တဲ့အလှူက မွန်မြတ်သန့်စင်ပါတယ်။ ဗေဒင်ကတစ်ဆင့်လာတဲ့အလှူဟာ တိုက်တွန်းတာတွေပါနေတဲ့အတွက် မမြတ်ပါဘူး။ ဒါ့အပြင် မိမိအစီအရင် အအောင်မြင်ခဲ့ရင်၊ လှူသာလှူနေရတယ်၊ ဘာမှဖြစ်မလာဘူးဆိုတာတွေ ဖြစ်လာတဲ့အခါ ဘုရား၊ တရား၊ သံဃာအပေါ်မှာ ယုံကြည်မှုသဒ္ဓါဟာ တစ်ဖြည်းဖြည်း အားနည်းလာပါတယ်။ ယုံကြည်မှုကျ ဆင်းလာရာကနေ လက်မခံနိုင်တော့တဲ့ အခြေအနေ အထိကို ထိုးဆင်းသွားနိုင်ပါတယ်။

ဒါတွေကြောင့် ဗေဒင်ပညာ အစရှိတဲ့အရာတွေဟာ သာသနာကို တိုက်ရိုက်ကြီး ကွယ်အောင် မလုပ်သော်လည်း တစ်ဖြည်းဖြည်းချင်း ဖြိုလှဲနေ တယ်ဆိုတာကို တို့တွေအားလုံးသိထားသင့်ပါတယ်။ သူသည်လည်း ဓမ္မနှင့် ဆင်တူသော အဓမ္မပဲဖြစ်ပါတယ်။ ထိုအဓမ္မကို ပြုနေသမျှ သာသနာ ကွယ်ရပါလိမ့်မယ်။

ရတနာသုံးပါးနဲ့ ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်း မရှိတဲ့သူအတွက်ကတော့ သတ္တ၀ါတစ်ယောက်၊ ယူမှားမှောက်ကို၊ သိန်းလောက်ဘုရား၊ လှန်သောအားဖြင့်၊ ဟောကြားချေချွတ်၊ ဖြေမလွတ်ဘူး ဆိုသောကြောင့် ထိုသူမျိုးတို့ကိုတော့ မပြောလိုပါ။ တစ်ကယ်အစစ်အမှန် သာသနာကို ချစ်တဲ့သူတွေ၊ အတွက်သာ လမ်းပြလိုပါတယ်။ ၀ိနယဒေသနာဟာ သာသနာပါ။ မဂ္ဂင်ရှစ်ဖြာဟာ သာသနာပါ။ သိက္ခာသုံးပါးဟာ သာသနာပါ။ ဗောဓိပက္ခယတရား ၃၇ ပါးဟာ သာသနာပါ။ ဘုရားအဆုံးအမတော်တွေဟာ သာသနာပါ။ ဒီလိုဆိုရင် သာသနာပြုတယ်ဆိုတာ မြတ်စွာဘုရားရှင် ဟောကြားတော်မူတဲ့အတိုင်း လိုက်နာတာဟာ၊ ပြုမူနေထိုင်တာဟာ သာသနာပြုတာပါ။

ဝိနည်းကိုလိုက်နာခြင်းသည် လည်း၊ သီလတရားကို စောင့်ထိန်း ခြင်းဖြစ်၍ သာသနာ ပြုခြင်းဖြစ်ပါ၏။ ကမ္မဋ္ဌာန်း (၄၀) မှတစ်ခုခုကို ပွားများ နေခြင်းသည် သမထအားထုတ် နေခြင်းဖြစ်၍ သမာဓိတရားကိုဖြည့်စွမ်းနေသောကြောင့် သာသနာပြုတယ်ခေါ်ပါတယ်။

မဂ္ဂင်တရားတွေ၊ ဗောဓိပက္ခယတရားတွေအားထုတ်နေခြင်းသည် ပညာတရား တိုးပွားစေခြင်းငှာဖြစ်သောကြောင့် သာသနာပြုခြင်း ပင်ဖြစ်ပါတယ်။ ဒီလိုဆိုရင် အခြေခံ(၅) ပါးသီလကစ၍ သီလတရားကို စောင့်ထိန်းခြင်းမရှိတာဟာ သာသနာပျက်စီးစေနိုင်ပါတယ် လို့ပြောရင် လွန်ရာများကျနေတော့မလား။ သမထ ဘာဝနာမပွားများပဲနေတာဟာ သာသနာကို ပျက်စီးစေပါတယ်။ ပညာတရားတို့ပွားအောင် ၀ိပဿနာအလုပ်မလုပ်ခြင်းဟာ သာသနာကို ပျက်စီးစေပါတယ်။ မိမိမလုပ်တဲ့အတွက် မိမိအကျိုးမရတဲ့အပြင် သာသ နာကိုပါ အရှည်တည်တံ့အောင် မစောင့်ထိန်းရာရောက်ပါတယ်။

မြတ်စွာဘုရားရှင်က တရားမနာခြင်း၊ တရားစာပေများ လေ့လာသင်ယူမှုမရှိခြင်၊ နှုတ်တက်အာဂုံဆောင်ထားနိုင်စွမ်းမရှိခြင်း၊ ဆောင်ထား သမျှတွေကို မှတ်မှတ်သားသားမရှိခြင်း၊ ပဋိပတ္တိလုပ်ငန်းကို အားထုတ်လုပ်ကိုင်ခြင်း မရှိတာတွေဟာ သာသနာကွယ် ကြောင်းတွေပါလို့ အတိအလင်းဟောကြားတော် မူခဲ့ပါတယ်။ ဒါတွေကို လူတိုင်းအသက်အရွယ် မရွေးသိသင့်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ကိုယ့်အမျိုးဘာသာ၊ သာသနာကို ချစ်မြတ်နိုးတတ်ဖို့၊ လေးစား တန်ဖိုးထားတတ်ဖို့ နှိုးဆော်လိုက်တာပါ။

တို့သာသနာတော်ကြီးဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ခရီးကို ဖြတ်သန်းလာခဲ့ရတော့ သာသနာတွင်းကို ထိုးနှက်ချက် တွေများလွန်းလို့ ဒါဏ်ရာတွေဗလပွဖြစ်နေပါပြီ။ တို့သာသနာကို မပြို ပြိုအောင်ဖြိုချင်နေတဲ့သူတွေကလည်း တစ်ပုံ တစ်ပင်။ ဒီအထဲကိုယ်မပါရင်တောတော်လှပြီမှတ်ရမယ်။ ဒါပေမယ့် ဘယ်သူတွေဘယ်လောက်ပဲဖြိုဖြို၊ ဘယ်လာက်ပဲတွန်းလှန် တွန်းလှန်၊ ဘယ်ဝါဒတွေ ဘယ်လောက်ပဲကြီးစိုး ကြီးစိုး အင်ကြင်းတောမှာ မွေး၊ အင်ကြင်းတောမှာ ပရိနိဗ္ဗာန်စံ၊ အင်ကြင်းတို့ရဲ့ သစ္စာတရားဟာ ဘယ်တော့မှပျောက်ကွယ်မှေးမှိန်ခြင်းမရှိဘဲ၊ ပတ္တမြားစင်စစ် နွံမနစ်သည့်သန့်စင်မွန်မြတ် ခိုင်မာလျက်ရှိသည်သာရှိပါတယ်။

သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာတွေဟာ ကျောက်စိုင်၊ ကျောက်သားတွေလို ကြံ့ကြံ့ခံနိုင်တာဟာ တို့သာသနာပဲဆိုတာကိုတော့ အပြည့်အ၀ ယုံကြည်ပါတယ်။ တစ်ကယ်တော့ သာသနာဆိုတာကို ချစ်တတ်ဖို့ပဲလိုတာပါ။ ချစ်တတ်မှ မြင့်မြတ်တာကိုရှာမှာပါ။ မှန်ကန်တာ ကိုရှာမှာပါ။

မြတ်နိုးမှ တန်ဖိုးထားကြမှာပါ။ မချစ်တတ်မမြတ်နိုးတတ်တဲ့အခါ သာသနာကို အလွဲလိုက်၊ အမြဲမိုက် နေခဲ့ကြတော့ လွဲသူတို့သွား၊ မိုက်သူတို့သွားသည့် အပယ်ဆင်းရဲမှာပဲ မြဲမြံစွာခံနေခဲ့ရတာကို ဂင်္ဂါဝါလု သဲစုမက ပွင့်ခဲ့ကြသော ဘုရားအဆူဆူနဲ့လွဲပြီး ဒုက္ခသက်ရှည် ယခုဒုက္ခခန္ဓာလွယ်ထားရတာကို သုံးသပ်ထောက်ရှူ ရ်ျ နားလည်သင့်ပါတယ်။ အမြင်လည်းရှင်း၊ စိတ်လည်းရှင်း၊ လက်ငင်းချမ်းသာကြပါစေ။



Thursday, June 25, 2009

ရာသီမပြောင်းတဲ့......အိမ်



အဝေးမှာ မိုးတွေ ရွာနေပြီလား . . .
အိမ်ကိုလွမ်းတယ် . .
မိုးရေတွေ တစ်စက်စက်ကျ တိုးဝှေ့အိပ်ခဲ့ရတဲ့ညတွေ မေမေရေ . .
အိမ်လေးကိုလွမ်းတယ် . . .

အဝေးမှာ နေ၀င်သွားပြီလား . . .
ထမင်း အတူတူ လက်ဆုံစားရင်း
ရေဆန်ကိုလှော်ခတ်ခဲ့တဲ့ နေ့ရက်တွေ မေမေရေ . .
အိမ်လေးကို လွမ်းတယ် . . .
အဝေးမှာ နှင်းတွေ အုံ့မိုးနေပြီလား . . .
အိမ်ကိုလွမ်းတယ် . .
ကော်ဖီပူပူလေးရှေ့မှာချ ဘ၀ရဲ့ခါးသီးမှုတွေကို
အတူတူရင်ဆိုင် မေမေရေ . . အိမ်လေးကိုလွမ်းတယ် . . .

အဝေးမှာ . . ဟိုး . . အဝေးမှာ . .
ပြုံးနေတဲ့မေမေ့မျက်နှာ မျက်ရည်တွေပြည့်လျှံနေမှာပဲ . . .
သားဆိုးတစ်ယောက် အမှောင်တွေထဲမှာ ဒူးထောက်နေပြီ မေမေ . . .
အမေ့အတွက် . . မိသားစုအတွက် . .
သားချစ်တဲ့ အိမ်အတွက် . . .
ကောင်းကင်မှာ ကြယ်တွေ တဖိတ်ဖိတ်လက်
ပြန်ဆုံမယ့် နေ့ရက်တွေ......မဝေးတော့ဘူး မေမေ . . .။ ။


Tuesday, June 23, 2009

သတိထားရ်ျ စားစေလို



အလှအပကိုကြိုက်နှစ်သက်ကြတဲ့ မမ..တို့ ရေ..

ကြက်တောင်ပံကြော်ကို နေ့စဉ်ရက်ဆက်စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက်တကယ့် အန္တရာယ်တခုဆိုတာကို မျှဝေလိုက်တာပါ… ဒါကတော့ စင်ကာပူက အမျိုးတမီးတဦးရဲ့ ဖြစ်ရပ်မှန် အကြောင်းလေးပါ။

မကြာသေးမီက ကျွှန်တော် သူငယ်ချင်းအစ်မ တယောက် သူ့ရဲ့ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်တည်သလိုလို အခဲတခု ဖြစ်ပြီး ကြီးကြီးလာတာကြောင့် ခွဲစိတ်ပြီး ထုတ်ပြစ်လိုက်ရတဲ့အထိဖြစ်သွားပါတယ်… အဲဒီအခဲဟာ ခွဲစိတ်ပြိးကြည့်လိုက်တော့ မဲပုပ်နေတဲ့သွေးခဲကြီးပါတဲ့။ သူမကတော့ ခွဲစိတ်ကုသပြီးနောက်မှာ ပုံမှန်ပြန်ကောင်းလာမယ်လို့ပဲ ထင်ခဲ့တာပေါ့..
ဒါပေမယ့်သူထင်တာနဲ့တတ်တတ်စင်အောင်လွဲခဲ့ပါ့တယ်။ခွဲစိတ်ထုတ်ပစ်ပြီး လအနည်းငယ်အကြာမှာ အရင်လိုပဲ ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို ပြန်ဖြစ်လာပြန်ရောတဲ့။ ဒုက္ခပါပဲနော်သူလဲ အရမ်း စိတ် သောကရောက်ရတာပေါ့..

ဒါနဲ့ သားဖွားမီးယပ်ပါရဂူ တယောက်ဆီ ချက်ချင်းသွားပြကြည့်တော့ဆရာဝန်က သူမကို မေးခွန်းတခုမေးတယ်.. မေးခွန်းက သူမအတွက်တော်တော်ကိုထူးဆန်းနေတယ်။ကြက်တောင်ပံကို နေ့ စဉ်ရက်ဆက်စားသလားတဲ့။ သူမက.. စားပါတယ။် လို့ပဲဖြေတယ်.. စားလဲ စားတာကိုး။သူမ ကြက်တောင်ပံကြော်အမြဲတမ်းစားနေကျဆိုတာ ဘယ်လိုသိပါသလဲလို့ တောင်အံ့သြတကြီးပြန်မေး မိသေးတယ်။

ကဲကြည့်.. ဘာကြောင့်သူဒီလိုရောဂါဖြစ်တာလဲ၊ဒီနေ့ခေတ်မှာ ကြက်တွေ မြန်မြန်ကြီးထွားလာစေဖို့ Steroids ဟိုမုန်းတွေပါတဲ့ကြီးထွားဆေးတွေ သုံးလာကြပါတယ်။ Steroids ဟိုမုန်းတွေပါတဲ့ ကြီးထွားဆေးကို ကြက်တွေရဲ့.တောင်ပံနဲ့ လည်ပင်းနေရာတွေမှာ ပဲ အမြဲထိုးပေးလေ့ရှိတယ်၊ ဒါကြောင့်. Steroids ဟိုမုန်းတွေအများဆုံးစုနေတဲ့နေရာကတော့တောင်ပံနဲ့ လည်ပင်းတွေမှာပါပဲ။ ဒီ Steroids ဟိုမုန်းတွေဟာ မြန်မြန်ကြီးထွားစေတတ်တဲ့သဘောကြောင့် ခန္ဒာကိုယ်ထဲမှာ ကြောက်စရာကောင်းလောက်အောင် အကျိုးဆက်တွေဖြစ်လာတာပေါ့..

ဒါဟာဘာအတွက်လဲ၊တကယ်တော့ သူတို့ရဲ့ လိုအပ်ချက်က .. ကြက်တွေမြန်မြန်ကြီးထွားလာစေဖို့ ပဲမဟုတ်လား… .
ဒါပေမယ့်.. အခု အမျိုးသမီးတွေကို တိုက်ရိုက် ထိခိုက်လာပါပြီ။ အမျိုးသမီးတွေမှာ လက်ရှိ ရှိနေတဲ့ မ.ဟော်မုန်းတွေကိုပါ အန္တရာယ် ကျရောက်စေတဲ့အပြင်၊ ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို မဲပုပ်နေတဲ့ အခဲတွေ ကြီးထွားလာစေတတ်တဲ့ ရောဂါတမျိုး ပိုပြီးဖြစ်လွယ်လာစေပါတယ်။ ကျမတို့မှာ အရသာရှိလှတဲ့ ရိုးရာဟင်းလျာတွေ ရှိကြတာပေါ့နော်.. ဒါပေမယ့်..
ကျမတို့ရဲ့ ကျန်းမာရေးက အသက်ဆက်လက်ရှင်သန်ဖို့ရာ ပိုပြီိးအရေးကြီးပါတယ်။ ဒါကြောင့် မမတို့ကို ဝေမျှလိုက်ပါတယ်နော်.. မမတို့ခန္ဒာကိုယ် အလှမပျက်ရအောင် ကိုယ်အလေးချိန်ကိုလဲ ထိန်းရာရောက်အောင် ကြက်တောင်ပံ် ကို နေ့ စဉ်ရက်ဆက် စားသုံးခြင်းက နေ တတ်နိုင်သလောက် လျှော့စားကြပါလို့၊ အခြား မမ .တွေ.. (မမ.ရှိသူတွေ)ဆီကိုလဲ ဒါကို လက်ဆင့်ကမ်းပေးကြပါဦးနော် ခင်မင်စွာဖြင့်။

Ng_h0^^_y3!N (Sharon How (Singapore Medical Association) ဧ။် Beware Chicken Wings ကိုဆီလျှော်အောင်ဘာသာပြန်သည်။) Ref: http://www.sma.org.sgP.s. U.S, Canada နှင့် Europe မှာတော့ ဒါကိုသူတို့ နိုင်ငံတွေမှာ တရားမ၀င်ပါဘူးလို့ ငြင်းဆန်ထားပါတယ်။ တိရိစ္ဆာန်တွေကိုဆေးထိုးခြင်း အစာကျွေးခြင်းတွေမှာ ဒီလို ဟော်မုန်းတွေသုံးခွင့်မပြုဘူးလို့ပြောပါတယ်။ ဒီထဲမှာ ထပ်တွေ့ ရတာက အမျိုးသားတယောက် ဟာ ကြက်လည်ပင်းနဲ့ ထမင်းကိုပဲ နှစ်နှစ်ခြိုက်ခြိုက် နှစ်အတော်ကြာ စားခဲ့ပြီးနောက့် သူ့ရဲ့ရင်ဘတ်တွေဟာ ကြီးထွားလာတာပါတယ်တဲ့.. :)


သားထွေး

ကျွှန်တော်ဘလောက်၏ မာတိကာ

ဘလောက်ကိုအခုမှစရေးတာဆိုတော့ ဘာရေးမှန်းမသိဘူးဖြစ်နေမိပါတယ်........ရေးစရာမရှိတော့ ကိုယ်အကြောင်းကိုပဲမိတ်ဆက်ရင်နဲ့ စရေးလိုက်တောမယ်နော်.................

ကျွှန်တော်ငှာနေကတော့ မဟာရန်ကုန်မြို့ နဲ့ အလှမ်းမဝေးလှတဲ့ ကျေးရွာတစ်ရွာက ကျေးတောသားလေးပါ...မိမိကိုယ်ကို ကျေးတောသားလိုပြောလိုက်ရတာ ရင်ထဲမှာပျော်နေမိပါတယ်......ကျွှန်တော်ရဲ့ ကျေးရွာကလေးရဲ့ အမည်ကတော့ မြန်မာရာဇဝင် အချစ်ဇာတ်လမ်းကြားဖူးကြလိမ့်မယ်လိုတော့ ထင်ပါတယ်......ချစ်သူနှစ်ဦး ကောင်ကင်မှာ မီးခိုးအဖြစ်နဲ့ ပေါင်းဖက်ရတဲ့ ရှင်မွေးလွန်းရဲ့ အဖိုးရွာသူကြီး ဦးသန်လျင်ရဲ့ ဇနီးမှာ သူ၏ မိဘများကို သတိယ လွမ်းဆွတ်ငိုကြွေးခဲ့တဲ့ နေရာလေးတစ်ခု ဖြစ်ခဲ့တာကိုအစွဲပြုပြီး “ အလွမ်းဆွတ် ” ကျေးရွာလို အမည်တွင်စေခဲ့ ပါတယ်.....က်ျရွာကလေးဟာ ကျွှန်တော်မိဘများရဲ့ ဇာတိချက်မြှုပ်နေရာလေးပါ.........

ကျွှန်တော်ငယ်စဉ် ကလေးဘဝက ကျောင်းသွားရမှာကို အပျင်းကြီးသလို အခုချိန်ထိလည်း ပျင်းနေဆဲပါ....ဟဲ...ဟဲ...ဟဲ...စာရေးရင်းနဲ့ မေမေပြောတာကိုပြန်ကြားရောင်မိလိုပါ.....“သားထွေး ကျေုာင်းကိုစောစော သွားရင်မေမေမုန့် ဖိုး ၅မူး ( ပြားငါးဆယ် ) ”ပေးမယ်ဆိုပြီး ကျွှန်တော်လက်ကိုဆွဲကာ ကျောင်းချိန်မှီအောင် အမြဲတမ်း မေမေဟာ အပင်းပန်းခံပြီး လိုက်ပို့ ပေးတဲ့ မြင်ကွင်းကိုပြန်မြင်ရောင်မိလိုပါ.... ကျွှန်တော်လို ကျောင်းသွားရမှာ ပျင်းတဲ့ လူရှိမှာမဟုတ်ဘူးလို ထင်ပါတယ်...အခုတော IT နည်းပညာတွေ တိုးတတ်လာတာနဲ့ အမျှ လူသားအားလုံး ကြိုးစားနေချိန်မှာ ကျွှန်တော် သားထွေး တစ်ယောက် အိပ်ယာကနေလန့့် နိုးလာပါပြီး.... ပညာရှင်များအသုံးပြုနေကြတဲ့  ကွန်ပြူတာဆိုတဲ့ ခုံရှေမှာသားထွေး ရောင်လည်လည် ဝင်ထိုင်မိလိုက်ပါတယ်...ကွန်ပြုတာကို ဘာမှမသိနားမလည်တာ အမှန်ပါ။ှုအခုမှစပြီး အကျွမ်းတဝင် ရှိတာပါ..ကွန်ပြူတာကို အသုံးပြုတတ်အောင် သင်ပြကူညီပေးတဲ့  ညီအစ်ကိုမောင်နှမ များကိုလည်း ဒီနေရာလေးကနေ အားလုံးကို ဦးညွှတ် လိုက်ပါတယ်.......




သားထွေး