လှုပ်လှုပ်သဲသဲ
ကမ္ဘာ့စီးပွားရေး ဂယက်...။
ဘီလျံတွေ...မီလျံတွေ...
ဟော..ခနဲ ထွက်လာတဲ့ ငွေတွေ...။
ကျီးကြည့် ကြောင်ကြည့်
တောင်ကြည့် မြောက်ကြည့်ကျီးလန့်စာစား...။
ဘယ်တော့များ လူလျှော့မလဲ...
ဘယ်တော့များ အလုပ်ပြုတ်မလဲ...
ဘယ်တော့များ ရှယ်ယာတွေ ရှုံးမလဲ...။
ဟော.. တစ်ယောက်...ဟော.. တစ်ယောက်...
အမွဲစာရင်း ကြေငြာဖို့ ပြင်ဆင်နေကြတယ်...။
အနောက်ကနေ အရှေ့အရှေ့ကနေ အနောက်
်ယှက်သွယ်တဲ့ စီးပွားရေးကွန်ယက်
အပြိုပြို အလဲလဲ စတင်နေတော့...
ဘာမဆိုင် ညာမဆိုင်..
ဘိုကလေး အောက်ဘက်
ကဒုံကနိရွာကဆင်းရဲသား ကလေးငယ်တစ်ယောက်
ထမင်းဆာ လို့ ငိုညည်းနေရဲ့....။
။
Melbourne near me Trusted Removalist
2 months ago
ကိုသားထွေးရေ..
ReplyDeleteကဗျာလေး ကောင်းတယ်ဗျာ..
ဘယ်တော့များ လူလျှော့မလဲ...
ဘယ်တော့များ အလုပ်ပြုတ်မလဲ...
ဘယ်တော့များ ရှယ်ယာတွေ ရှုံးမလဲ...။
ကဒုံကနိရွာကဆင်းရဲသား ကလေးငယ် ထမင်း တစ်နပ်စားရဖို့.. အဲ့ဒါ အရေးကြီးတယ်..
ကြိုဆိုပါတယ်..
အားလည်း အားပေးနေပါတယ်..
ခင်မင်စွာဖြင့်..
ကိုသားထွေး
ReplyDeleteကဗျာလေးကောင်းတယ်
ကိုကြီးဦးနော်ပြေသလိုပဲ...
ဆုတောင်းပေးသွားတဲ့ ကိုသားထွေးကို ကျေးဇူးတင်ပါတယ်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
ကိုသားထွေးရေ ကောင်းသဗျာ
ReplyDeleteလူတွေလျော့ တော့ ဟီးဟီး
ကိုတွေလည်း ကမ်းပါးပြိုထဲ
ပါသွားမှာကြောက်တယ် ဗျို့..။
ခင်မင်စွာဖြင့်
.......စည်သူ။
အာဟ.... သက်ရောက်မှုတခုလို့ပဲ ယူဆသွားပါတယ်ဗျား။
ReplyDelete