Saturday, June 27, 2009

သားဆိုးများ.........သို့ 

အိုအမေ......သန္ဒေတည်စ
သားထွေးဘဝ.....အဖြူ အမည်း မသဲကွဲချိန်ကစလို့ 
မေမေရဲ့ မေတ္တာ စေတနာ ဂရုဏ တွေဟာ
သားထွေးအပေါ် ကြီးမားလှပါတယ်........မေမေ

ချို ချဉ် ပူစပ်များကို အားခံတွင်းလိုက်ရ်ျ
စားချင်သော်လည်း သားထွေးအပေါ်
သက်ရောက်မဲ့ ဒဏ်ကို စိုးရမ်းစိတ်ဖြင့်
စိတ်ဆန္ဒတွေကို ပယ်ချခဲ့တဲ့
မေမေရဲ့ မေတ္တာတွေကြီးမားလှပါတယ်.......မေမေ

လူလောကထဲ စရောက်ချိန်
ခြေဖဝါး လက်နှစ်လုံး ပခုံးလက်နှစ်ဆစ်
အပြုံး အရာယ် ဘာမှမသိတဲ့ အချိန်ပေါ့ 
သားထွေးအပေါ် ကျရောက်လာမည့်
ခြင် ယင် ပုရွတ် စသည့် အန္တာရာယ်များကို
နေ ၊ ည မပျက် မညည်းငြုပဲ
အပင်းပန်းခံ စောင့်ရှောက်ပေးတဲ့ 
မေမေ မေတ္တာတွေ ကြီးမားလှပါတယ်.........မေမေ

လူမှန်းသိတတ်ဘဝ ရောက်ချိန်မှာတော့
သားထွေးဘဝအတွက် အစီစဉ်တွေနဲ့ 
လက်ကိုဆွဲကာ ပညာရေးလောကထဲကို
အရောက်ပို့ ပေးခဲ့ ပြန်တယ်
စောကစားလို့ ပေကျံ အဝတ်များကိုလည်း
ကျွန်တစ်ယောက်ပမာ အချိန်အခါမစောင့်
လျှော်ဖွတ်ပေးပြီး နံနက်ကျောင်းဝတ်စုံကိုလည်း
အဆင်သင့်ဖြစ်အောင် မညည်းမငြုလုပ်ဆောင်ပေးခဲ့ တဲ့
မေမေရဲ့ မေတ္တာတွေကြီးမားလှပါတယ်........မေမေ

လူလားမြောက်လို လူမှု့ ပတ်ဝန်းကျင်ထဲ
ဝင်ရောက်ချိန်မှာတော့ မေမေရဲ့ စိုးရိမ်စိတ်ဖြင့်
ပညာရေးတပိုင်းတစ အပေါင်းသင်းမမှားရအောင်
ချောတစ်ခါ ခြောက်တစ်လှည့်ဖြင့်  သားထွေးကိုဆုံးမပေးခဲ့ တဲ့ 
မေမေရဲ့ မေတ္တာတွေ ကြီးမားလှပါတယ် .......မေမေ

သားထွေးဘဝမှာ ဒုက္ခ နဲ့ သုခတွေဖြစ်လာချိန်မှာ
အရင်းဆုံး တမ်းတမိတာ..... မေမေပါ
အခုလို လူလောကမှာ ခြသေ့င်္လိုစိတ်ဓာတ်မျိုးနဲ့ 
ရပ်တည်နေနိုင် ထိန်းသိမ်းပြုပြင်ပေးခဲ့ တဲ့ 
မေမေရဲ့  မေတ္တာ စေတနာ ဂရုဏ တွေကို
သားထွေးတစ်ယောက် နားလည်သဘောပေါက် သိရှိလိုက်ရတဲ့
အချိန်မှာတော့ မေမေဟာသားထွေးနဲ့ အဝေး........................အဝေး...............အဝေးဆုံး..................

သားထွေး

2 comments:

  1. ကဗျာက ကောင်းတယ် ကိုသားဆိုးရေ..။
    ဒီကဗျာလေးကိုဖတ်ပြီး ကျေးဇူးကြီးမားလှတဲ့
    မွေးမေမေကို သတိရမိတယ်..။
    .........ခင်မင်စွာဖြင့်
    .................စည်သူ။

    ReplyDelete
  2. မင်းညိုMay 12, 2012 at 12:04 AM

    share မရလို့  copy လုပ်သွားပါတယ် ခင်ဗျာ...
    ဖတ်လို့ အရမ်းကောင်းပါတယ်...
    နောက်လဲ ဆထက်ထမ်းပိုး ပိုမို ရေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ် ...
    ကျေးဇူးတင်ပါတယ်...

    ReplyDelete

အနော်ခရီးဆက်နှင်းရန် အားမနာတမ်း ဝေဖန်ပေးနိုင်သည့် လောင်စာလိုအပ်နေပါသည်။