Sunday, August 2, 2009

မြတ်စေတီ



စေတီတော်မြတ်တည်ထား ပူဇော်ပုံ


ကျွှန်ုပ်တို့ ဗုဒ္ဒဘာသာဝင် အဆက်အနွယ်များသည်စေတီကို ဘာနဲ့ တည် သလဲဟုမေးသော် အုတ် ၊ သဲ၊ ကျောက်တို့ဖြင့်တည်သည်ဟုဖြေကြပေမည်။

ကျွှန်တော်သည်ပင် စေတီတည်ထားရခြင်း၏ ဂုဏ်ကျေးဇူး ။ ကိန်းဝပ်တော်မူသည့်မြတ်တရား အပိုင်းအခြားများကိုလုံးဝ မသိခဲ့ပါ ။ ယခုကျွှန်တော် သိသမျှစေတီတော်၏ ပုံသဏ္ဌန် အပိုင်းလိုက်တင်ပြရေးသားလက်ဆင့်ကမ်းခြင်းဖြင့် ကုသိုလ်ပွါးပါမည် ။


စေတီတော်ကိုအရံစေတီငယ်များအောက်ခြေဖိနပ်တော်မှစ၍ အပိုင်းအားဖြင့်(၁၉) ပိုင်းရှိသည်။


( ၁ ) စိန်ဖူးတော်

( ၂ ) ဌက်မြတ်နား

( ၃ ) ထီးတော်

( ၄ ) ဌက်ပျောဖူး

( ၅ ) ကြာရင့်

( ၆ ) ကြာလှန်

( ၇ ) ကြာနု

( ၈ ) ရွဲ

( ၉ ) ကြာမှောက်

( ၁၀ ) ဖောင်းရစ်

( ၁၁ ) ပန်းဆွဲ

( ၁၂ ) သပိတ်မှောက်

( ၁၃ ) ရင်ဖွဲ့ 

( ၁၄ ) ခေါင်းလောင်းပုံ

( ၁၅ ) ခေါင်းလောင်းနား

( ၁၆ ) ကျည်းဝန်း

( ၁၇ ) ပစ္စယာသုံးဆင့်

( ၁၈ ) ဖိနပ်တော်

( ၁၉ ) စေတီရံများ အစသဖြင့်ရှိကြသည် ။


ဖိနပ်တော်။ ။ အောက်ခြေဖိနပ်တော်၏ အတိုင်းအထွာများကို ရွှေအုဋ္ဌ် ငွေအုဋ္ဌ်များနှင့်ခင်းကျင်းပြီးပါက ပထမ ပစ္စယာမှစတင်၍ တရားသဘောဖြင့်စပါသည် ။


ပစ္စယာသုံးဆင့် ။ ။ ပထမ ပစ္စယာကို တရားသဘောနှင့် ဝိဘဝတဏှဟု သတ်မှတ်ပါသည် ။ ဘဝဆိုတာမရှိ ၊ ဘဝဆိုတာလုံးဝကင်းပြတ်၏ဟု စွဲယူနှစ်သက်ခြင်းဖြစ်၍ ဥစ္ဆေဒ ဒိဌိ ဖြစ်ပါသည် ။


ဒုတိယပစ္စယာ - ဘဝ တဏှာဟုသတ်မှတ်ပါသည် . ဖြစ်ခြင်း ၊ ပျက်ဖြင်းရှိနေသော ဘဝကိုနှစ်သက်ခြင်း၊ သာယာခြင်း သသ၁တဒိဌိဖြစ်ါသည်။


တတိယပစ္စယာ - ကာမဂုဏ်တရားများကိုလွန်စွာမှနှစ်သက်ခံစားတတ်သော သဘောရှိ၍ ကာမတဏှာဟု သတ်မှတ်ပါသည် ။ ထိုကာမဂုဏ်သည်မြဲသည်ဟုထင်မှတ်၍ သက္ကာယ ဒိဌိထိုက်ပါသည် ။


ပန်းတင်ခုံ ။ ။ ပစ္စယာသုံးဆင့်အထက်တွင်ရှိပါသည် ။ပန်းများတင်လှူ ၍ ပန်းတင်ခုံဟုခေါ်ပါသည်။ အလွန်မြင့်မြတ်သည့် ကံစေတနာဟု သက်ရောက်၍ တရားအားဖြင့် အဘိသင်္ခါရပတ္တနာ ဟုသတ်မှတ်သည် ။


ခေါင်းလောင်းပုံ ။ ။ ခေါင်းလောင်းနားတရားသဘောမှာ ဘာဇေမ-အမျှ ၊ အမျှ ဟုပေးဝေခြင်းသဘောရှိသည်။


ကျည်းဝန်း ။ ။ ဆိုသည်မှာ ခေါင်းလောင်းနားပေါ်လွင်စေရန် အောက်ခံခုံ အဖြစ်သတ်မှတ်ထားသည့် စက်ဝန်းပုံ ဗိသုကာလက်ရာဖြစ်ပါသည် ။


ပန်းဆွဲ ။ ။ဘီးလူးမပန်းဆွဲဟုလည်းဆိုခြင်းဖြစ်သည် ။ ၃၇ ပါးသောဘေးအပေါင်းမှ ကင်းလွတ်နိုင်သည့်တရားသဘောရှိ၍ ဘယဥာဏ် ဟုပန်းဆွဲကို သတ်မှတ်ပါသည်။


ရင်ဖွဲ့ ။ ။ရင်ဖွဲဆိုသည်မှာ ခါးစည်းကိုခေါ်ခြင်းဖြစ်သည် ။ ပန်းဆွဲအထက်နားတွင်ရှိသည် ။ အဝတ်ပုဆိုးများဝတ်ရာတွင် မကျွတ်စေရန် ခါးစည်းခါးပတ်သကဲ့သို ကိလေသာကာမတရားများ ရှင်သန်ခြင်းမရှိစေရန် သိက္ခာသုံးပါးဖြင့် ထိန်ချုပ်ထားခြင်းကို ရင်ဖွဲ့ ခါးစည်း ဟုခေါ်ပါသည် ။


သပိတ်မှောက် ။ ။ သပိတ်မှောက်၏သဘောသည်အလွန်မှတ်ထိုက်ပါသည် ။ သပိတ်အတွင်းရှိ ပစ္စည်းများကို အကြွင်းအကျန် မရှိ သွန်မှောက်ပစ်သကဲ့ သိုယ ရာဂအညစ်အကြေးများကို ဆိုင်ရာဆိုင်ရာ မင်္ဂတရားနှင့်ပတ်သက်၍ ဖော်ညွှန်းထားခြင်းဖြစ်ပါသည် ။


ဖောင်းရစ်။ ။ ဖော်းရစ် သည် ( ၇ ) ရစ်ပါရှိသည် ။ စင်ကြယ်ခြင်းတည်းဟူသော ဝိသုဒ္ဒိ ၇ ပါးကို အဓိပါယ်ဖော်ထားခြင်းဖြစ်ပါသည်။


ကြာမှောက်။ ။ ပုတုစဉ်တို၏ နယ်မြေအဆုံးကို ညွှန်းပြဖြင်းပင် ။ သစ္စာလေးပါးတရားအားသိသော်လည်းမမြင်၊ မြင်သော်လည်းမရသေး၊ကျင့်ကြံဆဲပုဂ္ဂိုလ်တို၏ နယ်ဆုံးဖြစ်သည်။ ကြာမှောက်နှင့်ရွဲ ၊ကြာနု ၊်ကြာလှန်၊ကြာရင့် တိုအကြားတွင်ခရားသီဆိုတာရှိပါသည် ။ တရားသဘောအားဖြင့်ပုထုဇဉ်နှင့်အရိယာနယ်မြေခွဲ သတ်မှတ်ထားသောနေရာဖြစ်သည် ။


ကြာလှန် ။ ။ အရိယာနယ်မြေအစသိုရောက်ပြီဖြစ်ကြောင်းပြဆိုပါသည် ။


ဌက်ပျောဖူး ။ ။ စေတီတစ်ဆူ၏ အထွတ်ထိပ်ဖြစ်သည် ။ လူ ၊ နတ် ၊ ရဟန်းသာမန်တို၏ အရာမဟုတ်ပေ ။ ဤနေရာတွင်တရားမရလျှင် ငါမထဟုဝီရိယတော် ပြင်းထန်သည့် အာဇာနေယ ခေါ်အာဇာနည်အရိယာပုဂ္ဂိုလ် တို့၏အရာသာဖြစ်ပေသည်။ တရားသဘောအားဖြင့်အရဟတ္တမဂ်ဖြစ်ပါသည် ။ (အထူးမှတ်သားထိုက်သည်မှာ) ဌက်ပျောဖူးသည်စေတီ၏ထိပ်ဆုံးပိုင်းဖြစ်၍ အိန္ဒယ၊ သီရိလကာင်္၊ ထိုင်းနိုင်ငံရှိစေတီတော်များတွင် ထီးတော်မတင်ကြပေ ။ တခြားအကြောင်းကြောင့်မဟုတ်ပေ ။ မြန်မာတိုသည်ကား ဌက်ပျောဖူးမျှဖြင့်ကြည်ညိုခြင်းဖြင့်တင်းတိမ်မှုမရှိသဖြင့် ဗိသုကာဆန်းသစ်ကာ ထီးဌက်မြတ်နား ၊ စိန်ဖူးတော်တို့ ကို ထပ်ဆင့်တင်လှူခဲ့ကြခြင်းဖြစ်သည်။ (သဒ္ဒါလွန်တာနော်)


ထီးတော် ။ ။ တရားသဘောသည် နိဗဗာန်သို့ မျုက်မှောက်ပြုနိုင်ပြီးဖြစ်သော အရဟတ္တဖိုလ် ဖြစ်သည် ။


ဌက်မြတ်နား ။ ။ ကြက်မင်း၊ ကျေးမင်း၊ ဟသာင်္မင်း၊ ဇာမဏီဌက်ုမင်း အစရှိသည့်ဌက်မင်းများတန်ဖိုးရှိသကဲ့သို ရဟန္တာပုဂ္ဂိုလ်များ၏ ဖလသမာပတ် ဝင်စားရာနေရာမြတ်ဖြစ်လေသည်၊


စိန်ဖူးတော် ။ ။ သင်္ခတနိဗ္ဒာန်ဟုသတ်မှတ်၍ သင်္ခါရ တရားတို့၏ ချုပ်ငြိမ်းရာမှန်း မဟာ အသင်္ခတနိဗ္ဒာန်ရွှေပြည် ဟုအဓိပယ်ရပါသည် ။


မြတ်စေတီတော်များသည် မည်သည့်ပုံစံ အမျိုးမျိုးဖြင့်တည်ထားသည်ဖြစ်စေ ၊ လောကုတ္တရာတရားများ ကိန်းဝပ်တော်မူပြီးဖြစ်သည်။ ထိုစေတီမြတ်များသည် လောကီဗေဒင်အလိုအရ ယတြာ-ဓာတ်ဆင်နှင့်တည်ထားသည် မဟုတ်ပေ ။

ဗုဒ္ဒဂုဏ်တော်မြတ်တရားဖြင်တည့်ထားသော ဆင်းတု ၊ ရုပ်ပွါး၊ စေတီတော်များအား ဌာပနာဖောက်ခြင်း ၊ ရွှေ၊ငွေ စသည့်တို့ကိ ခိုယူခြင်း ။ဖျက်ဆီးခြင်းပြုပါက ကံကြီးငါးပါးတွင် ဘုရားရှင်အားသွေးတည်အောင်ပြုခြင်းတည်းဟူသော ဒေဝဒတ် မိုက်ကဲ့ သို့ လောဟိတုပါဒက ခေါ် ပဉ္စာနန္တိယံကြီးထိုက်ကြောင်းကျမ်းများတွင်အတိအလင်းဖွင့်ဆိုထားလေသည် ။။။။။။။


သိသောသူများသတိပြန်ရ၍ မသိသေးသော်သူများသိရှိစေလိုခြင်းဖြင့် ကုသိုလ် ပွါးနိုင်ကြပါစေ .....



" ရွှင်လန်းချမ်းမြေ့ကြပါစေ "





သားထွေး












4 comments:

  1. လာလည်တာကျေးဇူးတင်ပါတယ်။မြတ်စေတီကိုဖတ်သွားပါတယ်။
    အခုလိုအသေးစိတ်သိရလို့ ဗဟုသုတရပါတယ်။့ ဒုတိယပိုင်းမျှော်နေပါတယ်။ဆက်လက်အားပေးလျှက်ပါ။

    ReplyDelete
  2. ဗုဒ္ဓဘာသာ မြန်မာ တစ်ယောက်အနေနဲ့  မှတ်သားသင့်တဲ့ အကြောင်းရာတွေ
    ပါ ခုလိုမှတ်သားရတဲ့အတွက် ကျေးဇူးတင်ပါတယ် ပျော်ရွှင်ပါစေရှင်

    ReplyDelete
  3. မှတ်သားရပါတယ်ဗျာ။
    ကျေးဇူးတင်ပါတယ်။ =)

    ReplyDelete
  4. မှတ်သားသွားပါတယ်။ ဆက်ရေးနော် အားပေးနေမယ်။

    ReplyDelete

အနော်ခရီးဆက်နှင်းရန် အားမနာတမ်း ဝေဖန်ပေးနိုင်သည့် လောင်စာလိုအပ်နေပါသည်။