ဘလောက်ကိုအခုမှစရေးတာဆိုတော့ ဘာရေးမှန်းမသိဘူးဖြစ်နေမိပါတယ်........ရေးစရာမရှိတော့ ကိုယ်အကြောင်းကိုပဲမိတ်ဆက်ရင်နဲ့ စရေးလိုက်တောမယ်နော်.................
ကျွှန်တော်ငှာနေကတော့ မဟာရန်ကုန်မြို့ နဲ့ အလှမ်းမဝေးလှတဲ့ ကျေးရွာတစ်ရွာက ကျေးတောသားလေးပါ...မိမိကိုယ်ကို ကျေးတောသားလိုပြောလိုက်ရတာ ရင်ထဲမှာပျော်နေမိပါတယ်......ကျွှန်တော်ရဲ့ ကျေးရွာကလေးရဲ့ အမည်ကတော့ မြန်မာရာဇဝင် အချစ်ဇာတ်လမ်းကြားဖူးကြလိမ့်မယ်လိုတော့ ထင်ပါတယ်......ချစ်သူနှစ်ဦး ကောင်ကင်မှာ မီးခိုးအဖြစ်နဲ့ ပေါင်းဖက်ရတဲ့ ရှင်မွေးလွန်းရဲ့ အဖိုးရွာသူကြီး ဦးသန်လျင်ရဲ့ ဇနီးမှာ သူ၏ မိဘများကို သတိယ လွမ်းဆွတ်ငိုကြွေးခဲ့တဲ့ နေရာလေးတစ်ခု ဖြစ်ခဲ့တာကိုအစွဲပြုပြီး “ အလွမ်းဆွတ် ” ကျေးရွာလို အမည်တွင်စေခဲ့ ပါတယ်.....က်ျရွာကလေးဟာ ကျွှန်တော်မိဘများရဲ့ ဇာတိချက်မြှုပ်နေရာလေးပါ.........
ကျွှန်တော်ငယ်စဉ် ကလေးဘဝက ကျောင်းသွားရမှာကို အပျင်းကြီးသလို အခုချိန်ထိလည်း ပျင်းနေဆဲပါ....ဟဲ...ဟဲ...ဟဲ...စာရေးရင်းနဲ့ မေမေပြောတာကိုပြန်ကြားရောင်မိလိုပါ.....“သားထွေး ကျေုာင်းကိုစောစော သွားရင်မေမေမုန့် ဖိုး ၅မူး ( ပြားငါးဆယ် ) ”ပေးမယ်ဆိုပြီး ကျွှန်တော်လက်ကိုဆွဲကာ ကျောင်းချိန်မှီအောင် အမြဲတမ်း မေမေဟာ အပင်းပန်းခံပြီး လိုက်ပို့ ပေးတဲ့ မြင်ကွင်းကိုပြန်မြင်ရောင်မိလိုပါ.... ကျွှန်တော်လို ကျောင်းသွားရမှာ ပျင်းတဲ့ လူရှိမှာမဟုတ်ဘူးလို ထင်ပါတယ်...အခုတော IT နည်းပညာတွေ တိုးတတ်လာတာနဲ့ အမျှ လူသားအားလုံး ကြိုးစားနေချိန်မှာ ကျွှန်တော် သားထွေး တစ်ယောက် အိပ်ယာကနေလန့့် နိုးလာပါပြီး.... ပညာရှင်များအသုံးပြုနေကြတဲ့  ကွန်ပြူတာဆိုတဲ့ ခုံရှေမှာသားထွေး ရောင်လည်လည် ဝင်ထိုင်မိလိုက်ပါတယ်...ကွန်ပြုတာကို ဘာမှမသိနားမလည်တာ အမှန်ပါ။ှုအခုမှစပြီး အကျွမ်းတဝင် ရှိတာပါ..ကွန်ပြူတာကို အသုံးပြုတတ်အောင် သင်ပြကူညီပေးတဲ့  ညီအစ်ကိုမောင်နှမ များကိုလည်း ဒီနေရာလေးကနေ အားလုံးကို ဦးညွှတ် လိုက်ပါတယ်.......

သားထွေး
စာလုံးလေးတွေသေးလွန်းတယ်....
ReplyDeleteမျက်မှန်တက်ရအောင်မလုပါနဲ့....
ရွာနာမည်လေးကလှတယ်နော်
ReplyDelete