Tuesday, January 12, 2010

တစ်ယောက်တော့ အမြဲ ရှိ တယ်

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို

မင်းကို ဖိတ်မန္တက မပြုဘဲ မင်းရောက်သွားခဲ့ရင်

တချို့က မင်းကို ၀င်ခွင့်ပြုမှာမဟုတ်။ တချို့က ခွင့်ပြုသော်လည်း

သိပ်ဝမ်းသာကြမှာမဟုတ်ဘူး။

ဝမ်းသာသော်လည်း ထာဝရ၀မ်းမသာနိုင်ကြပါဘူး။

သို့သော် . . . မဖိတ်ခေါ်ဘဲ ရောက်လာတဲ့မင်းကို

အမြဲထာဝရ ၀မ်းသာစွာ ကြိုဆိုနေမယ့်သူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းဘာအလုပ်မှ မလုပ်ဘဲ အငြိမ့်သား ထိုင်စားနေရင်

တချို့က မင်းကို ဆူဆဲမယ်၊ တချို့က မင်းကို နှင်ထုတ်မယ်။

သို့သော် . . . မင်းကို ဆူဆဲခြင်း၊ နှင်ထုတ်ခြင်းမရှိဘဲ

အမြဲကျွေးမွေးနေမယ့်သူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းသူတို့အပေါ် ကျင်ကြီး ကျင်ငယ်တွေ အန်ဖတ်တွေ စွန့်မိခဲ့ရင်

သူတို့ရွံရှာပြီး မင်းကို ပထုတ်ပစ်မှာပဲ။

သို့သော်. . . မင်းကို စေတနာနဲ့ သန့်စင်ပေးပြီး ပ မထုတ်တဲ့သူ တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းက ဒေါသူပုန်ထပြီး ထွက်ခွာသွားရင်

လူအချို့က မင်းကို “ထွက်သွား ထွက်သွား . . . ဝေးလေ ကောင်းလေ”လို့ ပြောမှာ။

သို့သော် . . . မင်းကို မသွားချင်တဲ့သူ မင်းကို လိုက်ချော့မော့ခေါ်မယ့်သူ

တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းသူများအပေါ် မိုက်မဲရူးရဲစွာ ဆက်ဆံခဲ့ရင်

သူများက မင်းကို ခွင့်မလွတ်ဘဲ တုန့်ပြန်မယ်။

သို့သော် . . . မင်းကို ထာဝရ ခွင့်လွတ်ပြီး တုန့်ပြန်ခြင်း ကင်းသူ

တစ်ယောက်တော့ရှိတယ်။

ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .

မင်းသူတို့ကို မြတ်မြတ်နိုးနိုး အလိုလိုက်ခဲ့ရင်

တချို့က မင်းကို ပြန်မြတ်နိုးပြီး အလိုလိုက်နိုင်တယ်။

တချို့ကတော့ မင်းကို စိမ်းကားပြီး Shift နှိပ်ပြီး Delete လုပ်ပစ်မယ်။

သို့သော် . . . မင်းသူ့ကို မြတ်နိုးသည်ဖြစ်စေ မမြတ်နိုးသည်ဖြစ်စေ

မင်းသူ့ကို အလိုလိုက်သည်ဖြစ်စေ မလိုက်သည်ဖြစ်စေ

မင်းကို အစဉ်ထာဝရ ချစ်မြတ်နိုးနေပြီး ဇိဝှိန်ချုပ်တဲ့အထိ

အလိုလိုက်နေမယ့်သူ တစ်ယောက်တော့ရှိတယ်။

အဲဒီသူက ဘယ်သူလို့ မင်းထင်သလဲ . . . ?

“အမေ”ကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ . . . ?

"မေမေ" ၇င်ခွင်ကို အရမ်းလွမ်းနေတယ်........