Tuesday, July 21, 2009

မိသားစု ကဗျာ

တစ်ယောင်ကိုတစ်ယောက် ရိုသေကြရင်းနဲ့
ငါတို့ စကားဝိုင်းထဲမှာခုဆိုရင် .......
လေးယောက်ထိရှိလာဘီ။ ။

ဘယ်က ရောက်လာမှန်းမသိတဲ့
ကျွန်တော့်ရဲ့ ဒုက္ခတွေကိုခါးစည်းခံခဲ့တာ အမေ ပေါ့.....
အသိပညာတွေ အလေ့ကျမပေါက်ဖို့
စနစ်တကျ ညွန်ကြားခဲ့တာ အဖေ လေ......

တစ်ယောက်ထဲရှိတယ်လို့ ထင်ရပေမယ့်
သတ်မှတ်ချက်တွေအရတော့
ကျွန်တော်မှာ မောင်နှမ နှစ်ယောက်တိတိရှိခဲ့တယ်........

မျက်ရည်နဲ့ ပူဆွေးခဲ့ရတဲ့ နေ့တွေရှိခဲ့လို့လဲ
ပျော်ရွင်ခြင်းမိုးတိမ်တွေကိုဖက်တွယ်ခွင့်ရခဲ့တာပေါ့
တစ်ယောက်သံယောဇဉ်ကို တစ်ယောက် ချည်နှောင်ကြ

ဘယ်လိုအသံမျိုးနဲ့မှတော့
ငါတို့ စကားဝိုင်း က သေဆုံးခဲ့မှာမဟုတ်ဘူး.........
အချိန်ကျလာရင်သာ
အလျှိုလျှိုခွဲထွက်သွားကြမှာပါ
တစ်ယောက်ကိုတစ်ယောက်
နှုတ်မဆက်ကြေးပေါ့။ ။

Saturday, July 18, 2009

ရွာအပြန်အတွေး

ရုတ်တရက်ဆိုတော့ဝါး
နှုတ်ဆက်ကြိုပေါ့စကား
အနောက်ဖက်နား အရှေ့ဖက်နား
"ဒီနေ့  ဘာလေးကြားလဲ".......တဲ့ ။

"ဘာကောင်းလဲ့..........."
ဘယ်တစ်လုံးကောင်းလဲ့..........
ကိုးမကြိုက်ဖူးလား........
( ဘယ်တုံးကမှ )မကြားဘူးတဲ့နှုတ်ဆက်စကားများ
ကျမ်းများမှာလည်းမပါ စာများမှာလဲမရှိ
ကျုပ်မသိတဲ့နေရာ
ရောက်လာသလိုခံစားရ ။

ရပ်ထဲလျှောက်လျှောက် ရွာထဲရောက်ရောက်
အိမ်ပေါက်စေ့ကြား မိသားစုအတွင်းလဲင်္ဒီစကား
ကြီူပွါးေ၇းအတွက် စီးပွါးရေးမတွက်
နှစ်လုံးထီထွက်မယ့်ရက်ပဲမျှော်နေ.....................

ဆရာဒကာ ညီညွတ်စွာနဲ့ 
သာသနာအကျိုး မသယ်ပိုးပဲ
ချဲတွက်တဲ့ ကျောင်း
ကားကြီးငယ် အသွယ်သွယ်
ဝင်ထွက်ကယ်စည်ပင်
ဲဖြစ်ချင်တိုင်းဖြစ် စိတ်ညစ်စရာကြီင်္း...။

ဟင် အမှတ်မရှိတဲ့ အသည်း
နှစ်ထပ်ရှိအောင်ဆဲရ ရင်ဖြင့် 
ကျုပ်ပဲ ငပွကြီး ဖြစ်...
ခဲနဲ့ ပစ် ခံရကရော့မယ်............။

ရက်၃၀ မှာ ၂၀ ကထီဖွင့် တဲ့ရွာ
တိုးတတ်စရာ ရှာကြည့်ဦးမလား
စဉ်းစားသာကြည့် အထင်းသားသာသိ................

သားထွေး

Tuesday, July 7, 2009

ညောင်ဦးကမ်းပါးပြို

လှုပ်လှုပ်သဲသဲ
ကမ္ဘာ့စီးပွားရေး ဂယက်...။

ဘီလျံတွေ...မီလျံတွေ...
ဟော..ခနဲ ထွက်လာတဲ့ ငွေတွေ...။

ကျီးကြည့် ကြောင်ကြည့်
တောင်ကြည့် မြောက်ကြည့်ကျီးလန့်စာစား...။

ဘယ်တော့များ လူလျှော့မလဲ...
ဘယ်တော့များ အလုပ်ပြုတ်မလဲ...
ဘယ်တော့များ ရှယ်ယာတွေ ရှုံးမလဲ...။

ဟော.. တစ်ယောက်...ဟော.. တစ်ယောက်...
အမွဲစာရင်း ကြေငြာဖို့ ပြင်ဆင်နေကြတယ်...။

အနောက်ကနေ အရှေ့အရှေ့ကနေ အနောက်
်ယှက်သွယ်တဲ့ စီးပွားရေးကွန်ယက်
အပြိုပြို အလဲလဲ စတင်နေတော့...

ဘာမဆိုင် ညာမဆိုင်..
ဘိုကလေး အောက်ဘက်
ကဒုံကနိရွာကဆင်းရဲသား ကလေးငယ်တစ်ယောက်
ထမင်းဆာ လို့ ငိုညည်းနေရဲ့....။

Wednesday, July 1, 2009

တစ်နယ်စီခွဲ

ပုံရိပ်ရောင် တစ်

နံနက်စောစော မေမေဘုရားရှစ်ခိုးသံနှင့် အတူအိပ်ယာမှ မထချင်သော်လည်း စိတ်ကိုတင်းကာ အိပ်ယာမှ ထပြီးရေချိုးခန်းသို့ ဝင်ခဲ့ ရသည် ။ ညအိပ်ယာဝင်နောက်ကျရ်ျ အိပ်ရေးမဝသည်မှာ အမှန်ပင် ။ မေမေနှင့် အတူ နံနက်စောစော စား စားရ်ျ အလုပ်သို့ သွားရင်း လမ်းထိပ် ဘစ်ကားထိပ်မှတ်တိုင်တွင် မထင်မှတ်ထားသော ငယ်သူငယ်ချင်း မောင်တိုးနှင့် ဆုံသည် ။ နှစ်ဦးသားပြန်ဆုံရန် စကားပြောအပြီး ဘစ်ကားလာသဖြင့် ကျွှန်တော်တတ်လိုက်သွားရ်ျ မောင်တိုးမှာ ကားမှတ်တိုင်းတွင် လက်ပြရင်းကျန်နေရစ်ခဲ သည်။ အလုပ်ထဲတွင် အလုပ်လုပ်နေရင်း မောင်တိုးအကြောင်းက ကျွှုန်တော်ခေါင်းထဲသို့ ရောက်လာသည် ညနေအလုပ်သိမ်းချိန်တွင် တွေ့ ဆုံရန်ပြောထားသော်လည်း အချိန်ပိုရှိလျှင် ဘယ်လိုတွေ့ မလဲစဉ်းစားနေမိသည် ။

မောင်တိုးနှင့်ကျွှန်တော်သည် ငယ်စဉ်ကလေးဘဝကပင် ရင်းနှင်းခဲ့ကြသည် ကျောင်းသွားအတူတူ ကစားအတူတူပေါ့ အိမ်ချင်းကလည်း ကပ်လျှက်လေ....

တစ်နေ့ မှာတော့ ကျွှန်တော်တို့ နှစ်ယောက် ကျောင်းမတတ်ပဲ ရုပ်ရှင်ကြည့်ရန် တိုင်ပင်ပြီး နှစ်ယောက်သား ရုပ်ရှင်ရုံသို ချီတတ်လေသည် လက်မှတ်ဝယ် သောနေရာတွင် ကျွှန်တော်တို့ ခြံနှစ်ခြံကျော်က အပျိုကြီး မကြာဖြူ တို့အုပ်စုနှင်တွေလေပါရော.......ကျွှန်တော်တို့နှစ်ယောက်လည်း ဘယ်ရမလဲ မသိချင်ရောင်ဆောင်ပြီး ထွက်ပြေးတာပေါနော်......ဟိ....ဟိ အလွတ်ပါဘူးဗျာ သူတို့ အုပ်စု အနောက်ကအတင်းလိုက်ခေါ်သဖြင့် မိသွားပါလေရဲ့ ...အဲဒီအချိန်မှာ ကျွှန်တော်တို့ နှစ်ယောက်စလုံး ရင်တွေတဒိန်းဒိန်းနဲ့ ခုန်နေလိုက်တာ တကယ်ပါ.. မမကြီးတွေလိုက်ခေါ်လို့ ခုန်တာမဟုတ်ဘူးနော် ဟဲ.......ဟဲ.....အိမ်ကိုပြန်ပြောရင် ပြသာနာဆိုတာကို တွေးကြောက်ပြီး ရင်ခုန်နေမိတာပါ ......မမတို့ အုပ်စုက လက်မှတ်မဝယ်ရသေးရ်ျ ကူညီးပေးရန် တောင်းဆိုသဖြင့် နှစ်ဦးသား စိတ်သက်သာယာရခဲ့ သည်...လက်မှတ်ဝယ်သောနေရာတွင် လူများလှ၏.....ကျွှန်တော်တို့ လည်းကလေးပီပီတိုးဝှေ့ ကာ လက်မှတ်ဝယ်ရ်ျ် အပျိုကြီး မမတို့ ကိုပေးပြီး ရုံတွင်းသို့  ဝင်ကြလေသည်။

ရုပ်ရှင်ဇာတ်ကား အမည်ကို အခုထိမှတ်မိနေဆဲပါ ဒိုး ဇာတ်ကားဖြစ်ပါတယ် သရုပ်ဆောင်တွေကတော ကိုကျော်သူ ၊ကိုစိုးသူတို့ ပေါ ဗျာ.......ရုပ်ရှင်ကြည့်ရလို သူငယ်ချငိးနှစ်ယောက် ပျော်ရွှင်ပြီး ထွက်လာချိန်မှာတော ချိန်းထာရင်းလွှဲနေဦးမယ်......ရုပ်ရှင်ရုံအထွက်မှပင် ကျွှန်တော်တို့ အတန်းပိုင် ဆရာမနှင့် ဆုံပါလေရောဗျာ.....နှစ်ယောက်သား အရဲစွန့် ကာလက်နှစ်ဘက် နောက်ကိုပစ်ပြီး ခေါင်းလေးငုံကာ ဆရာမရှေ့တွင် နှစ်ယောက်သား မတ်တတ်ရပ်လိုပေါ .........ဆရာမကတော ကောင်းတယ် သိပ်ကောင်းတယ် ဆိုတဲ့ အဓိပါယ်ရှိသော စကားကိုပြောကာ ထွက်သွားသည့်တိုင် နှစ်ယောက်သားကြောင် တောင်တောင်ဖြင့် လမ်းလယ်တွင်ရပ်နေမိသည်။
နှစ်ယောက်သား အတွေးကိုယ်စီဖြင့် လမ်းလျှောက်လာရင်း ကျွှန်တော်တို့ နေသော အိမ်လမ်းထိပ်သို့အရောက်မှာတော တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ စကားမပြောနိုင်ကြပေ စိတ်ကိုတင်းကာ လမ်းလျှောက်လာရင်း အိမ်ခြံဝသို့ အေ၇ာက် ကျွှန်တော်၏ အနောက်ဘက်မှ ဖေဖေစက်ဘီး ရဲ့ ဘီလ်သံကို ကြားလိုက်ရချိန်မှာတော...........................

သားထွေး